Dawei Watch Podcast
By Dawei Watch
Dawei Watch PodcastNov 23, 2022
ဧပြီလ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့နယ်က ဒေသခံခြောက်ဦး ဒလန်လို့ သတိပေးခံရတဲ့အကြောင်း
- စစ်ကောင်စီတပ်က PDF ယူနီဖောင်းဝတ်ပြီး ဒေသခံတွေကို ရိုက်နှက်စစ်ဆေး ငွေတောင်းနေတဲ့ အကြောင်း
- မွန်ပြည်နယ်က ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးဖမ်းထားချိန် သေနတ်လုရာက ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားတဲ့သတင်း
- ကော့ဘိန်းရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လူငယ်အမျိုးသမီးငယ်တစ်ဦးကို ပစ်သတ်သွားတာ
- တော်လှန်ရေးတပ်တွေက ဖာပွန်မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်းကိုသိမ်းပြီး မြို့ကို ထိန်းချုပ်ထားတဲ့အကြောင်း
- မြဝတီ-မဲဆောက် အမှတ် ၁ တံတား ခြောက်ရက်ကြာတဲ့အထိ မြန်မာဘက်က ပြန်မဖွင့်သေးတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နှစ်သုံးဆယ်နီးပါးအကြာ စစ်ကောင်စီတပ်အခြေချခဲ့တဲ့ မောထစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တာ
- မောရဝတီရေတပ်က ဖမ်းထားတဲ့ ဖောင်းတောရွာသား သားအဖနှစ်ဦးအနက် အဖေဖြစ်သူသေဆုံး
- စစ်ကောင်စီက ဓာတ်မြေဩဇာသယ်ယူခွင့် တင်းကျပ်ထားလို့ တောင်သူတွေအခက်ကြုံနေရတဲ့အကြောင်း
- သရက်ချောင်း ဆင်ကျန်းကျေးရွာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့တဲ့ အခြေအနေ
- မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်တဲ့ အကြောင်း
- ဘန်ကောက်မှာ ဓာတ်လိုက်သေဆုံးသွားတဲ့ မြန်မာလုပ်သားအမှု နစ်နာကြေးဘတ်သုံးသိန်းနဲ့ ပြေလည်သွားတဲ့သတင်း
- ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်ဖွဲ့ဝင် သုံးဦးကို လူထုရှေ့မှာ သေဒဏ်ချ
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးရဲစခန်းရှေ့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတဲ့အကြောင်း
- ရေဖြူမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေရဲ့လက်ကိုင်ဖုန်းတွေ သိမ်းယူသွားတဲ့အကြောင်း
- မောရဝတီရေတပ်က ရေဖြူရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်လို့ ခြံလုပ်ငန်းတွေ နားထားရတာ
- ထားဝယ်မြစ်ထဲက စစ်သင်္ဘောအပစ်ခံရပြီးတဲ့နောက် ကညုံကျွန်းရွာက ဒေသခံတွေထွက်ပြေးနေရတဲ့အကြောင်း
- တနင်္သာရီမြို့နယ်ထဲ့က ရွာသုံးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတာ
- မလေးရှားသွားမယ့် မြန်မာတွေ ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရတဲ့အကြောင်း အပါအဝင်
- ရွှေ နဲ့ ဘတ် ဈေးအတက်အကျ အခြေအနေတွေကို ပြောပြပေးမှာဖြစ်ပါတယ်။
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းမြို့နယ် ဆင်ကူးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း
- ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီက အနားပေးလိုက်တာ
- မြန်မာအလုပ်သမားတွေဆီက ငွေညှစ်ခဲ့တဲ့ ထိုင်းရဲ ၈ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ အခြေအနေ
- ဈေးပြန်ကျလာနေတဲ့ ရွှေဈေးကွက်အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဝန်နဲ့အားမမျှ ဖြစ်နေတဲ့ စစ်ဘေးရှောင် ကူညီရေး
တိုက်ပွဲတွေပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ကျေးရွာပေါင်း ၈၀ လောက်က ဒေသခံ ငါးသောင်းလောက် စစ်ဘေးရှောင်နေကြရပါတယ်။
တိုက်ပွဲဖြစ်ပွားမှု များလာတာနဲ့အမျှ စစ်ဘေးရှောင်အရေအတွက်လည်း တိုးလာနေတာကြောင့် စစ်ဘေးရှောင်အကူအညီပေးရေးက ဝန်နဲ့အားမမျှဖြစ်လာနေပါတယ်။
စစ်ဘေးရှောင်တွေအတွက် အကူအညီရရှိမှုက နည်းပါးနေသလို၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလည်း များပြားလှပါတယ်။
မကြာခင် မိုးရာသီရောက်လာတော့မှာ ဖြစ်တဲ့အတွက် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးလို ကူးစက်ရောဂါအန္တရာယ်တွေကလည်း စိုးရိမ်စရာကောင်းလှပါတယ်။
လတ်တလောမှာ စား၊ဝတ်၊နေရေး အခြေခံလိုအပ်ချက်တွေတောင် မပြည့်စုံသေးတဲ့ စစ်ဘေးရှောင်တွေအတွက် မိုးရာသီကို ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာ စဉ်းတောင်မစဉ်းစားရဲသလောက်ပါပဲ။
ဒါကြောင့် စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရတယ်၊ ဘာတွေလိုအပ်နေတယ် ဆိုတောတွေ သိရှိစေဖို့ တနင်္သာရီတိုင်းက စစ်ဘေးရှောင် တွေကို အကူအညီပေးနေတဲ့ ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေး အဖွဲ့ရဲ့ မြေပြင်ကွင်းဆင်းတာဝန်ခံ ယောနသံနဲ့ တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါတယ်။
မြန်မာ့ရေးရာ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၁၄ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဧပြီလ ၁၄ ရက်ကနေ ၂၀ ရက်နေ့အထိ)
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
မကောင်းဆိုးရွား ပူးကပ်လို့ ပြစ်မှုကြီး ကျူးလွန်မိပါတယ်ဆိုတာဟာ ဖြစ်နိုင်ပါသလား
The Conjuring 3 ကို ကြည့်ခဲ့ရင် ဒီ Documentary လေးကို ကြည့်စေချင်ပါတယ်။ The Conjuring 3 ဟာ ဘာတွေကို ဖျောက်ထားခဲ့သလဲ၊ အဲ့ဒီဇာတ်ကားထဲမှာ ဘာတွေ ပျောက်နေခဲ့သလဲ၊ တကယ့်လက်တွေ့မှာ ဖြစ်ပျက်ခဲ့တာက ဘယ်လိုတွေလဲဆိုတာကို သိရမှာပါ။
ပြီးရင်တော့ ကိုယ်ကိုယ်တိုင်က ဘယ်လိုတွေးသလဲလို့ အဖြေထုတ်ရပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်က ယူဆပုံချင်း မတူနိုင်ပါဘူး။ လူတစ်ကိုယ် အမြင်တစ်မျိုး ဖြစ်နိုင်ပါတယ်။
The Conjuring 3 ဟာ အက်ဒ်ဝါရင်းနဲ့ လော်ရိန်းဝါရင်းတို့ အပနှင်ဇနီးမောင်နှံ ပါဝင်ပတ်သက်ခဲ့တဲ့ ကမ္ဘာကျော် အမှုတစ်ခုပါပဲ။
The Conjuring: The Devil Made Me Do It ဆိုတဲ့နာမည်နဲ့ ဇာတ်ကားက ထွက်ရှိခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဂလက်ဇယ် မိသားစုထဲက ၈ နှစ်သားအရွယ် ကလေးလေးကို မကောင်းဆိုးဝါး ပူးကပ်ခဲ့တယ်။
ဝါရင်း ဇနီးမောင်နှံ သွားရောက်ပြီး အပနှင်ဖို့ လေ့လာတယ်။ ဒီအချိန်မှာ ကောင်လေးရဲ့မကောင်းဆိုးရွားကို မနိုင်နင်းတဲ့အထိဖြစ်လာလို့ ယောက်ဖတော်ရမယ့် အာနီ ဂျွန်ဆင်က သူ့ခန္ဓာကိုယ်ထဲဆီ လာပူးဖို့ ခေါ်ပြီး လွှဲယူလိုက်ပါတော့တယ်။
အဲ့ဒီနောက် အာနီ ဟာ လူသ-…-တ်မှု ကျူးလွန်လိုက်ပါတော့တယ်။ သူနဲ့ သူ့ကောင်မလေး ဒက်ဘီ ဂလက်ဇယ်တို့ အလုပ် အတူလုပ်နေတဲ့နေရာက အလုပ်ရှင် အလန်ဘိုနို ကို အာနီက သ..--..တ်လိုက်တာပါ။ အာနီက အလန်ဘိုနိုကို သူ ဘယ်လိုသ..--..တ်လိုက်မိမှန်း မသိပါဘူးလို့ ရဲတွေရှေ့မှာ အမှုစစ်တော့ ထွက်ဆိုခဲ့တယ်။
တရားခွင်မှာ ဒီလိုထွက်ဆိုတော့ တရားသူကြီးတွေက လက်မခံတော့ဘူး။ အဲ့ဒီမှာ ဝါရင်းဇနီးမောင်နှံက အာနီကို ပူးကပ်နေတဲ့ မကောင်းဆိုးဝါးက သ..--တ်အောင် လှုံ့ဆော်တာ၊ အာနီမှာ အပြစ်မရှိပါဘူးဆိုတဲ့ကောက်ချက်ကို အာနီဘက်က လိုက်ပေးတဲ့ တရားခံရှေ့နေကတစ်ဆင့် တင်သွင်းလိုက်ပါတော့တယ်။
ဒါဟာ အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကတ်မှာ ဟိုလေးတကျော်ဖြစ်သွားခဲ့တဲ့ အမှုကြီးဖြစ်ပါတယ်။ ဒါကို တကယ့်ပတ်သက်ခဲ့သူတွေနဲ့တွေ့ဆုံပြီး The Devil On Trial ဆိုတဲ့ Documentary ကို ရိုက်ကူးခဲ့တာပါ။
ဂလက်ဇဲလ်မိသားစုက ညီအစ်ကိုမောင်နှမတွေ၊ ပြစ်မှုကျူးလွန်ခဲ့သူ အာနီ၊ ခရစ်ယာန်သင်းအုပ်၊ အမှုစစ်ခဲ့တဲ့ ရဲအရာရှိ၊ အမှုလိုက်ခဲ့တဲ့ ရှေ့နေ၊ အမှုစစ်ဆေးခဲ့တဲ့ တရားသူကြီး၊ ဝါရင်းဇနီးမောင်နှံရဲ့မြေး စသဖြင့် စသဖြင့် ကဏ္ဍအသီးသီးမှာ ပါဝင်ခဲ့သူတွေကို မေးမြန်းဖြေကြားစေပြီး ဒီ Documentary ကို တည်ဆောက်ခဲ့ပါတယ်။ အရမ်းလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဧပြီလ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
ဧပြီလ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
မန်ယူဖန်အစစ်ဆိုရင် အာဆင်နယ် ဗိုလ်စွဲတာကိုပဲ မြင်ချင်လိမ့်မယ်
ပရီးမီးယားလိဂ်ဟာ ရာသီသိမ်းဖို့ နီးကပ်လာပါပြီ။ ပန်းဝင်ခါနီးမှာ ချန်ပီယံပြေးလမ်းထက် ရပ်တည်နေတာကတော့ မန်စီးတီး၊ အာဆင်နယ်နဲ့ လီဗာပူးတို့ပါပဲ။
စူပါဆန်းဒေးညမှာ လီဗာပူးနဲ့ အာဆင်နယ်တို့ ခြေချော်သွားတာကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆီ တက်လှမ်းခွင့်ရသွားခဲ့ပါပြီ။ ဒီ ၃ သင်းလုံးဟာ မန်ယူရဲ့ခါးသီးပြိုင်ဘက်တွေ ဖြစ်ကြပါတယ်။
ဒါပေမဲ့ ဒီဘောလုံးရာသီမှာ ဒီ ၃ သင်းထဲက တစ်သင်း ချန်ပီယံဖြစ်တော့မယ်ဆိုတာကိုတော့ ပကတိ အရှိတရားအတိုင်း လက်ခံပေးရတော့မှာပါ။
စစ်မှန်တဲ့ မန်ယူဖန်တစ်ယောက်ဆိုရင် ဒီ ၃ သင်းထဲက ဘယ်အသင်း ချန်ပီယံဖြစ်တာကို မြင်ခွင့်ရချင်ပါသလဲ။
မန်ယူဖန်အစစ်ဆိုရင် အာဆင်နယ် ဗိုလ်စွဲတာကိုပဲ မြင်ချင်ရလိမ့်မယ် လို့ ယူဆမိပါတယ်။
Podcast : အခက်အခဲများစွာ ကြုံနေရတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ
ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဆက်တိုက်တိုးလာနေပါတယ်။
တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၄၀၀၀ ကျော်အထိရှိနေပါတယ်။
စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေ အနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေပေးနိုင်အောင် ကြိုးစားနေကြပေမယ့် စစ်ဘေးရှောင်တွေက ပိုတိုးလာနေသလို မြင့်မားလာတဲ့ ကုန်စျေးနှုန်းဒဏ်တွေကြောင့် အလှူငွေလိုအပ်ချက် ကြီးမားနေဆဲပါ။
အခက်အခဲများစွာ ကြုံနေရတဲ့ တနင်္သာရီတိုင်းက စစ်ရှောင်တွေ
ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဆက်တိုက်တိုးလာနေပါတယ်။
တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၄၀၀၀ ကျော်အထိရှိနေပါတယ်။
စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေ အနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေပေးနိုင်အောင် ကြိုးစားနေကြပေမယ့် စစ်ဘေးရှောင်တွေက ပိုတိုးလာနေသလို မြင့်မားလာတဲ့ ကုန်စျေးနှုန်းဒဏ်တွေကြောင့် အလှူငွေလိုအပ်ချက် ကြီးမားနေဆဲပါ။
ပူပြင်းလှတဲ့ရာသီနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေကြမလဲ
အစွန်းရောက်ရာသီဥတုဖြစ်စဉ်ကြောင့် ပြင်းထန်တဲ့အပူဒဏ်ကို ကြုံတွေ့နေကြရပါတယ်။
တစ်ကမ္ဘာလုံး ပူနွေးလာမှုကြောင့် နောက်နှစ် အနည်းငယ်အတွင်းမှာလည်း ပိုပြီးပူလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
အပူလွန်ကဲမှု ဒဏ်ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါဝေဒနာတွေက အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့အခြေအနေကို ရောက်ရှိစေနိုင်ပါတယ်။
ဒါကြောင့် အပူဒဏ်ကို ဘယ်လိုဖြတ်ကျော်မလဲ... လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေကြရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
မြန်မာ့ရေးရာ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့
တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၇ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့အထိ
တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဧပြီလ ၇ ရက်ကနေ ၁၃ ရက်နေ့အထိ)
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၆ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဧပြီလ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပလမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တဲ့သတင်း
- လောင်းလုံးပြင်းထိန်ရွာမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရတဲ့အကြောင်း
- မြဝတီက တိမ်းရှောင်လာသူတွေကို ထိုင်းနိုင်ငံမဲဆောက်ရှိ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံခွင့်ပေးမယ့် အကြောင်း
- သင်္ကြန်ကာလ ရခိုင်မှာ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲ မလုပ်ဖို့ AA ပန်ကြားတဲ့သတင်းနဲ့
- ရွှေနဲ့ ဘတ်ဈေး
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၁၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်ကလေးသင်္ကြန် ရေကစားသူ မရှိသလောက်နည်းပါးနေတဲ့အကြောင်း
- မနေ့က မြိတ်မြို့မှာ စံချိန်တင်အမြင့်ဆုံးအပူချိန်အထိ ရောက်ရှိသွားခဲ့တဲ့အခြေအနေ
- မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တာ
- စစ်ကောင်စီ တိုက်လေယာဉ်တွေကို ထိုင်းလေပိုင်နက်ထဲ ပျံသန်းခွင့်ပြုမှာမဟုတ်ဘူးလို့ ထိုင်ဝန်ကြီးချုပ်ကပြောဆိုလိုက်တဲ့အကြောင်း
- သုံးရက်ထဲ ကျပ်သုံးသိန်းနီးပါးအထိ မြင့်တက်သွားတဲ့ ရွှေဈေးကွက်အခြေအနေ
- သင်္ကြန်ကာလမှာ တနင်္သာရီတိုင်းကို ပြေးဆွဲမယ့်ယာဉ်လိုင်းတွေ ရပ်နားကြမယ်ဆိုတာ
- စစ်ရှောင်တွေကို ကူညီနေတဲ့ မွန်လွှတ်တော် ဒုဥက္ကဌဟောင်းအဖမ်းခံလိုက်ရတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
အပူသံသရာ
အပူတွေဟာ သံသရာလည်တတ်လား။ ငယ်ဘဝက ကြုံခဲ့ရပြီးတဲ့ အပူလိုမျိုး ထပ်ကြုံရပြန်တော့ အဲသလို တွေးမိတာပါပဲ။ ဒီအပူ။ ဒီနှစ်အပူဟာတော့ အတော့်ကို ပူတာပါပဲ။
အပူတွေ သံသရာမှာ ကိုယ်က ထပ်ကြုံရ ပြန်ပေါ့။ ဒီအပူကတော့ တိုင်းလို့တာလို့ရတဲ့ အပူတော့ မဟုတ်။ အဇ္ဈတ္တအပူ။ သောက ပရိဒေဝ အပူ။ ဒုက္ခ ဒေါမနဿအပူ။
ဧပြီလ ၁၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မှာ သင်္ကြန်ရေကစားဖို့ စစ်ကောင်စီက ငွေပေးပြီးစည်းရုံးနေတဲ့အကြောင်း
- သရက်ချောင်းမှာ ဘုန်းကြီးတစ်ပါးနဲ့ လူတစ်ယောက်ကို PDF အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတာ
- တနင်္သာရီတိုင်းမှာ ဒီနေ့နဲ့ မနက်ဖြန် မိုးရွာနိုင်တဲ့အခြေအနေ
- မြဝတီမြို့တိုက်ပွဲကြောင့် ဒေသခံတွေ ထိုင်းဘက်ကို တိမ်းရှောင်နေရတဲ့အကြောင်း
- အမေရိကန်စွမ်းအင်ကုမ္ပဏီက ရှယ်ယာတွေကိုရောင်းချပြီး မြန်မာနိုင်ငံကနေထွက်ခွာသွားတာ
- စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းသွားတဲ့ ပကာရီရွာ ဒေသခံရှစ်ဦး ပြန်လွတ်လာတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
သင်္ကြန်သို့ ပေးစာ
ဒါနဲ့သင်္ကြန်ရေ။ ငါ့တူမလေးကြောင်း ပြောရဦးမယ်။
မင်းထွက်သွားတုန်းက ငါ့တူမလေးက ၃ နှစ်ကျော်ကျော်ပဲရှိသေးတာ။ အခုက ၇ နှစ်ကျော်ပြီဆိုတော့ ဘေးအိမ်က ကျူရှင်ဆရာမဆီအပ်ပြီး စာသင်ခိုင်းထားတယ်။
မနေ့က သူတို့ကျူရှင်မှာ ဆယ်နှစ်လရာသီပွဲတော်များအကြောင်း သင်ရတယ်တဲ့။ မင်းသိပါတယ်။ တန်းခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ ဆိုတာတွေလေ။
တူမလေးက သင်္ကြန်ပွဲဆိုတာကို သေသေချာချာနားမလည်တော့ ငါ့ကိုလာမေးတယ်။ သူမှ မကြုံဖူးဘဲကိုး။ ငါလည်း သိသလောက်ကြိုးစားရှင်းပြပေမယ့် သူသိချင်တဲ့အဖြေ မရသေးတဲ့ပုံစံနဲ့ ငါ့ကိုစိုက်ကြည့်နေတာ။
ငါလည်း ဆက်ရှင်းပြမတတ်တော့တာနဲ့ YouTube ထဲက သင်္ကြန်သီချင်းတစ်ပုဒ် ကောက်ဖွင့်ပြလိုက်ရော…။
အဲမှာ “ဟယ်…လူတွေအများကြီး ရေပက်နေကြတာနော်” လို့ တူမလေးက တအံ့တဩ ပြောရှာတာ။ တူမလေးဆီက မမျှော်လင့်ဘဲ အဲဒီစကားကြားတော့ သက်ပြင်းတွေချလို့ကို မဆုံးတော့ပါဘူး။
“တစ်နေ့နေ့တော့ သူကြုံဖူးသွားမှာပါလေ” လို့ပဲ ဖြေတွေး တွေးယူလိုက်ပါတယ်။
ဧပြီလ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- စစ်ကောင်စီဒုခေါင်းဆောင်ရောက်နေတဲ့ မော်လမြိုင်က စစ်ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့အကြောင်း- လောင်းလုံးမြို့ လဝကရုံးက စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရတဲ့အကြောင်း- မဲဆောက်က စစ်ကောင်စီလေယာဉ်ကိစ္စ ပြည်သူကိုရှင်းပြဖို့ ထိုင်းအစိုးရကို ပီတာတိုက်တွန်းတဲ့သတင်း- စစ်ကောင်စီတပ်မှာ စစ်မှုထမ်းခိုင်းဖို့အတွက် တနင်္သာရီတိုင်းမှာ စစ်သင်တန်းစပေးနေတဲ့အကြာင်း- မွန်မှာ တစ်ရက်အတွင်း အမျိုးသားသုံးဦး ပစ်သတ်ခံရတဲ့အခြေအနေ- ပလမြို့မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရတဲ့အကြောင်း- မွန်ပြည်နယ်က ဓမ္မသရွာကို စစ်ကောင်စီက နေ့တိုင်းပစ်ခတ်တိုက်ခိုက်နေလို့ မီးထပ်လောင်ခဲ့တဲ့ အခြေအနေ- ကံပေါက်က ဆောက်လုပ်ရေးကုမ္ပဏီ ကားသမားနှစ်ဦးကို စစ်ကောင်စီရေတပ်က ထပ်ဖမ်းသွားတာစတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီလေယာဉ်က စစ်တပ်အရာရှိတွေမပါဘဲ မဲဆောက်က ပျံတက်သွားပြီး ပြန်ခေါ်မယ့်အစီအစဉ်ပါ ဖျက်သိမ်းလိုက်တဲ့အကြောင်း
- ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးရတဲ့အခြအနေ
- တနင်္သာရီရှိ စစ်ကောင်စီတပ်ရင်းတွေကို ခြောက်ရက်အတွင်း ဒရုန်းနဲ့ အကြိမ် ၂၀ကျော်တိုက်ခိုက်ခဲ့တာ
- မြိတ်မှာ အချိန်တစ်လပိုစောပြီး သောက်သုံးရေအခက်အခဲဖြစ်နေတဲ့ အခြေအနေ
- ထိုင်းတောင်ပိုင်း လိပ်ကျွန်းကိုသွားတဲ့ သင်္ဘောမီးလောင်ချိန် ပျောက်ဆုံးမြိတ်လူငယ်ရဲ့ အလောင်းပြန်တွေ့တဲ့အကြောင်း
- ဂျိုင်းမြစ်ထဲထိုးကျသွားတဲ့ မြို့ရွှေထားဝယ် ကားသမားရဲ့ ရုပ်အလောင်းပြန်တွေ့တဲ့အကြောင်း
- ရေဖြူမှာ ခရီးသည်တင်ကားမှောက်လို့ လူငယ်တစ်ဦးသေပြီး ငါးဦးဒဏ်ရာအပြင်းအထန်ရသွားတဲ့အကြောင်း
- ဒီနေ့ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
"တနင်္သာရီရိုးရာ လူကျားအက (သို့မဟုတ်) ကရကျားအက ရှင်းတမ်း"
တနင်္သာရီရိုးရာ ဓလေ့များထဲမှ ဘိုးစဉ်ဘောင်ဆက် ကျင်းပလာခဲ့သော တနင်္သာရီလူကျားပွဲ ဓလေ့သည် တနင်္သာရီလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ဟန်တစ်ခုပင်ဖြစ်သည်။
တနင်္သာရီရိုးရာအစဉ်အလာအရ " ဆောင်းမှာ နဂါးပြ၊ နွေမှာ ကျားက " ဆိုသည်မှာ ဆောင်းဦးက သီတင်းကျွတ်လမှာ "နဂါးအက ၊ နဂါးလှေတော်ရေခင်းသဘင်" မဖြစ်မနေကျင်းပကြရသလို နွေအတာသင်္ကြန် နှစ်သစ်ကြိုတဲ့ အချိန်မှာလည်း ရိုးရာတစ်ရပ်အနေဖြင့် လူကျားအကကို ကကို ကရသည်မှာ ဓလေ့အစဉ်အလာပင်ဖြစ်သည် ။
ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် တနင်္သာရီရိုးရာ လူကျားအကအကြောင်းကို တင်ဆက်ပေးလိုက်ရပါသည်။
မြန်မာ့ရေးရာ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့
တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိ
တစ်ပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (မတ်လ ၃၁ ရက်ကနေ ဧပြီလ ၅ ရက်နေ့အထိ )
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဧပြီလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေး-ထားဝယ်လမ်းပိုင်း သွားလာခွင့်ကို အရေးပေါ်ကိစ္စရှိရင်ခွင့်ပြုပေးမယ်ဆိုတဲ့သတင်း
- စစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချတာတွေမလုပ်ဖို့ ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်လိုက်တဲ့အကြောင်း
- ထုဆစ်မျှော်ရည် တနင်္သာရီ စကားဝိုင်းအစီအစဥ် ပြုလုပ်မယ့်အကြောင်း
- ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ မြန်မာလူငယ် ၁၂၀ ကျော် ထိုင်းရဲဖမ်းတာခံလိုက်ရတဲ့သတင်း
- ထိုင်ဝမ်ငလျင်လှုပ်ခတ်မှုမှာ ပျောက်ဆုံးသူတွေကို ဆက်ပြီးရှာဖွေနေတဲ့အကြောင်း
- ရွှေနဲ့ ဘတ်ဈေးသတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေပြည်တော်က စစ်ရုံးချုပ်နဲ့ အေလာလေတပ်ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အကြောင်း
- စစ်ကောင်စီကကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းအထူးစာမေးပွဲမှာ တနင်္သာရီတိုင်းကကျောင်းသားတွေ မပါဝင်တာ
- ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ဦးထောင်အပြင်ခေါ်ထုတ်ပြီး သ တ်ဖြတ်ခံရတဲ့အကြောင်း
- မလွဲတောင်စစ်ဆေးရေးဂိတ်ပိတ်တာကြောင့် ခရီးသွားတွေ ညအိပ်ခဲ့ရတဲ့ အခြေအနေ
- ပုလောမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် ၂၈၅ တပ်ကို ဒရုန်းဗုံးချတိုက်ခိုက်တဲ့အကြောင်းနဲ့
- ထိုင်းသတင်းအပါအဝင် ဒီနေ့ ရွှေ နဲ့ဘတ် ဈေးကွက် အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြို့နယ်ထဲ လက်နက်ကြီးကျလို့ လူငယ်အမျိုးသားတစ်ဦးသေဆုံးသွားတဲ့အကြောင်း
- ဇဟာရွာမှာ အမျိုးသားတစ်ဦးမိုင်းနင်းမိလို့ ဒဏ်ရာရသွားတာ
- ရေဖြူမြို့နယ် ဖောင်းတောရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သ တ်ခံရတဲ့အကြောင်း
- ထားဝယ်အရှေ့တောတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုရှိပြီး နေအိမ်တစ်ဆောင် ပျက်စီးသွားတဲ့အခြေအနေ
- တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတဲ့အခြေအနေ
- လောင်းလုံးကို ဘုရားဖူးသွားတဲ့ လူငယ်နှစ်ဦးပျောက်ဆုံးနေတဲ့ အကြောင်းအပါအဝင်
- ကျရိပ်ပြလာတဲ့ ရွှေ နဲ့ ဘတ်ဈေး အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်းထဲက စစ်မှုထမ်းပထမအသုတ်ကို လာမယ့်အပတ်ကစပြီး စစ်သင်တန်းပေးမယ့်အကြောင်း
- ရေး-သရက်ချောင်း ပြည်ထောင်စုလမ်းပိုင်းကို ညပိုင်းမသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေသတိပေးတာ
- ထားဝယ်အရှေ့တောက ပကာရီမှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေ စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ အခြေအနေ
- ကလိန်အောင်နဲ့ ကံပေါက်မှာ ဒေသခံ ၁၀ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အခြေအနေ
- ထိုင်းနိုင်ငံကို တရားမဝင်လာတဲ့ မြန်မာသုံးဆယ်နီးပါးပါ ကားမှောက်လို့ ငါးဦးဒဏ်ရာအပြင်းအထန်ရသွားတဲ့အကြောင်း
- ရခိုင်နဲ့ မကွေးကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းကို AAက အကန့်အသတ်မရှိပိတ်လိုက်တဲ့အကြောင်း
- စံချိန်တင်တက်နေရာက ပြန်ကျလာတဲ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီက စစ်ကောင်စီတပ်ရင်းနှစ်ခုကို ဒရုန်းနဲ့ ဗုံးသီးရှစ်လုံးကြဲချတိုက်ခိုက်တဲ့ အခြေအနေ
- ကံပေါက်က CDM ပညာရေးဝန်ထမ်းနှစ်ဦးကို ထားဝယ်ထောင်ပို့ပြီး အမှုစွဲတင်ဖို့ ပြင်နေတဲ့အကြောင်း
- အမျိုးသားတွေကို လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးနေတယ်ဆိုပြီး ဘန်ကောက်က မြန်မာအနှိပ်သည် တစ်ဆယ်ကျော် အဖမ်းခံရတဲ့အကြောင်း
- ပလမှာ စစ်ကောင်စီတပ်အတွက် ထောက်ပို့လုပ်နေတယ်ဆိုတဲ့ စက်လှေတစ်စီးကို PDF က မီးရှို့ လိုက်တဲ့အကြောင်း
- ဗန်းမော်-လွယ်ဂျယ်လမ်းကို ထိန်းချုပ်ထားတဲ့ စိန်လုံဗျူဟာစခန်းကြီးကို KIA က သိမ်းယူလိုက်တဲ့အကြောင်း
- စံချိန်တင်တက်နေတဲ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာ့ရေးရာ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့
တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မတ်လ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်ပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (မတ်လ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ)
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ်လ ၂၃ ရက်နေ့ကနေ မတ်လ ၂၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
မတ်လ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေး - ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်တဲ့အကြောင်း
- တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျွန်းစုမြို့နယ်မှာ တစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်ခဲ့တဲ့ အခြေအနေ
- မဲဆောက်မှာ ဒရုန်းဖျက်လက်နက်တွေ့လို့ မြန်မာနှစ်ဦး အဖမ်းခံရတဲ့သတင်း
- ထားဝယ်တက္ကသိုလ် စိတ်ပညာအထူးပြု CDM ကျောင်းသားရဲဘော်တစ်ဦး ဗုံးမတော်တဆမှုကြောင့်သေဆုံးသွားတာ
- အာဏာပိုင်တွေကခိုင်းလို့ သစ်ပင်တက်ခုတ်တဲ့ ထားဝယ်ထောင်သားတစ်ဦး သစ်ပင်ပေါ်ကကျပြီးခြေကျိုးသွားတဲ့သတင်း
- လက်နက်ကိုင်တစ်စုကဖမ်းသွားတဲ့ ရေဖြူမြို့နယ်က သားအဖနှစ်ဦးသတင်းအစအနမရဘဲ ပျောက်နေတဲ့ အကြောင်း
- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ် အမ်းမှာ တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း အပါအဝင်
- တောက်လျှောက်တက်နေတဲ့ ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မတ်လ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်မှုထမ်း ပထမအသုတ်မှာ တနင်္သာရီတိုင်းက ၂၆၀ ကျော်ပါမယ်ဆိုတဲ့အကြောင်း
- တပ်မတော်နေ့က ထားဝယ်ခရိုင်ထဲ နေရာခြောက်ခုလောက်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအခြေအနေ
- ကျပ် ၄၄ သိန်းနားနီးလာပေမယ့် ပြည်တွင်းရွှေဈေး ဆက်တက်နိင်ခြေရှိနေတာ
- မွန်ပြည်နယ် ဓမ္မသရွာက နေအိမ်သုံးရာလောက် စစ်ကောင်စီတပ်လက်ချက်နဲ့ မီးလောင်ပြာကျသွားတဲ့ အခြေအနေ
- ကော့သောင်းမြို့မှာ မူယစ်ဆေးအလုံးပေါင်း တစ်ထောင်ကျော်ဖမ်းမိခဲ့တဲ့အခြေအနေ
- ထိုင်းနိုင်ငံမှာ လိင်တူချစ်သူ လက်ထက်ခွင့်ဥပဒေ ပေါ်ထွက်လာတော့မယ့်အကြောင်း
- အိပ်ခန်းရှာမရလို့ အခက်တွေ့နေကြတဲ့ ထိုင်းတောင်ပိုင်းက မြန်မာအလုပ်သမားတွေအကြောင်း စတဲ့ စိတ်ဝင်စားဖွယ် နောက်ဆုံးရသတင်း
တွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မတ်လ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မှတ်ပုံတင်မှာမွေးသက္ကရာဇ်ပြောင်းလိုရင် လဝကရုံးချုပ်အထိ တင်ပြရမယ့်အကြောင်း- ထားဝယ်က ဇမ္ဗူသီရိအဖွဲ့ကို စစ်ကောင်စီတပ် ဝင်စီးတဲ့သတင်း- ကော့သောင်းမှာ လင်မယားရန်ဖြစ်ပြီး ဓားနဲ့ထိုးလို့ ဇနီးဖြစ်သူ သေဆုံးသွားတဲ့အကြောင်း- ဇာဒီရွာက လောင်းကစားဝိုင်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က သေနတ်ပစ်ဖောက်သတိပေးတာ- မိတ္ထီလာမှာ စစ်ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့တဲ့အကြောင်း နဲ့ ထိုင်းသတင်းအပါဝင် - နောက်ဆုံးရ ဘတ်နဲ့ရွှေ ဈေးကွက်အကြောင်းစတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မတ်လ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်မှုထမ်းဖို့အရွေးခံရသူရဲ့ မိသားစုကို ထောက်ပံ့ဖို့ဆိုပြီး အခြားအိမ်တွေမှာငွေကြေးကောက်ခံနေတဲ့အကြောင်း
- ထားဝယ်ထောင်က အကျဉ်းသားတစ်ဦးကို ထောင်ပြင်ပကို ခေါ်ယူစစ်ဆေးချိန် ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခံရတဲ့အကြောင်း
- စစ်ကောင်စီတပ်သားတွေလက်နက်ချအညံ့ခံခဲ့တဲ့ ကော့ဘိန်းရဲစခန်းကို အပြီးသတ်သိမ်းပိုက်လိုက်တဲ့သတင်း
- စစ်မှုထမ်းဂယက်ကြောင့် နယ်စပ်က တရားမဝင်ထွက်ပြေးသူတွေ ထိုင်းဘက်မှာ ဆက်တိုက်အဖမ်းခံရနေရတဲ့အခြေအနေ
- ကျိုက်ထိုမှာ ရဟန်းတစ်ပါးနဲ့ ကဖီးဆိုင်ပိုင်ရှင် ပစ်ခတ်ခံရပြီး ရဟန်းပျံလွန်တော်မူသွားတဲ့အကြောင်း
- စံချိန်တင်တက်နေတဲ့ ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မတ်လ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- လူသားချင်းစာနာမှုအကူအညီတွေ မြန်မာနိုင်ငံထဲ စဝင်လာတဲ့အကြောင်း- လောင်းလုံး ထွေအုပ်ဝန်ထမ်းနှစ်ဦးကို စစ်ဆေးပြီးပြန်လွှတ်မယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ပြောတဲ့အကြောင်း- နေအိမ်ပေါ် အုန်းပင်ပိမိလို့ မြိတ်က ဆယ်ကျော်သက်မိန်းကလေးတစ်ဦး သေဆုံးသွားတဲ့သတင်း- ရေး-သံဖြူဇရပ်လမ်းပေါ် ခံသင်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ငါးဦးသေဆုံးသွားတဲ့အကြောင်း- အလုပ်လုပ်ခွင့်လက်မှတ်ပါ အချက်အလက်နဲ့မတူလို့ မြန်မာလုပ်သားတွေ CI စာအုပ်လုပ်ခွင့် ငြင်းပယ်ခံနေရတဲ့အကြောင်း- စံချိန်တင် တက်နေတဲ့ ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေစတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာ့ရေးရာ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့
တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မတ်လ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ
တစ်ပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (မတ်လ ၁၇ ရက်ကနေ ၂၃ ရက်နေ့အထိ)
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ်လ ၁၆ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
မတ်လ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံး မြို့ပေါ်မှာ စစ်ကောင်စီကားပစ်ခတ်ခံရလို့ သုံးဦးသေဆုံးသွားတဲ့သတင်း
- တနင်္သာရီအခြေစိုက် စစ်ကောင်စီတပ်က ပစ်တဲ့လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သားနှစ်ဦးဒဏ်ရာရသွားတာ
- ထားဝယ်မြစ်ထဲ အမျိုးသားအလောင်းတွေ့ရတဲ့ သတင်း
- စစ်မှုထမ်းအကြုံးဝင်သူတွေကို ရပ်ကျေးထောက်ခံစာပါမှ ခရီးသွားခွင့်ပြုဖို့ စစ်ကောင်စီကတင်းကျပ်လာတဲ့အကြောင်း
- ငွေကြေးခဝါချမှု၊ လာဘ်ပေးလာဘ်ယူမှုစွပ်စွဲချက်တွေနဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ရဲချုပ်နှစ်ဦးကို ဌာနပြောင်းရွှေ့ပြီး စစ်ဆေးနေတဲ့သတင်း အပါအဝင်
- ထိုင်းမှာနိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့ အလုပ်တွေ ဝင်လုပ်တဲ့ မြန်မာနိုင်ငံသား၃၀၀ကျော် အဖမ်းခံရတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မတ်လ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်မှုထမ်းဆင့်ခေါ်ရာမှာ ပူးပေါင်းတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးလိုက်တဲ့အကြောင်း
- စစ်ကောင်စီက ဖိအားပေးပြောင်းရွေ့ခိုင်းခံရတဲ့ စောမိညိုဒေသခံအချို့ ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေကြရတဲ့အခြေအနေ
- ယာယီပိတ်လိုက်ရတဲ့ ထားဝယ်-ရန်ကုန်သွားကားလမ်းပေါ်က မလွှဲတောင်စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာလို့ရနေပြီဆိုတာ
- သက်တော် ၁၀၃ နှစ်ရှိပြီဖြစ်တဲ့ ထားဝယ်မြို့ ဆင်ဖြူတော်ကျောင်းဆရာတော် ပျံလွန်တော်မူသွားတဲ့အကြောင်း
- ရေးမြို့နယ်ကို လှေစီးဝင်လာတဲ့ ရိုဟင်ဂျာ ၈၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တဲ့အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မတ်လ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မေတ္တာမြို့တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ စစ်သားအလောင်းနဲ့ အရပ်သားအလောင်းတွေ တွေ့ရတဲ့အကြောင်း- ကော့သောင်းမှာ အဓမ္မစစ်မှုထမ်းစေဖို့ မဲနှိုက်ရွှေးချက်နေတဲ့အကြောင်း- ထိုင်းမြန်မာနယ်စပ် မောတောင်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်မှု ပိုဖြစ်လာတာ- တနင်္သာရီတိုင်းမှာ မတ်လ ၂၁ ရက်နေ့အထိ မိုးထစ်ချုန်းရွာမည့်အကြောင်း- တနင်္သာရီမြို့နယ်ကျေးရွာတွေကို စစ်ကောင်စီက ရိက္ခာသယ်ယူခွင့်ကန့်သတ်ထားတဲ့အကြောင်း နဲ့ ထိုင်းသတင်း တွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မတ်လ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ် ရန်ကုန်သွားလမ်းပေါ်က မလွှဲတောင် စစ်ဆေးရေးဂိတ် ဖြတ်သန်းခွင့်ပိတ်လိုက်တဲ့အကြောင်း
- သရက်ချောင်းမြို့နယ်က ပျူစောထီးစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိပ်ပိုက်ပြီး မီးရှို့လိုက်တာ
- ထားဝယ်ထောင်ထဲ ဖုန်းမိလို့ဆိုပြီး အကျဉ်သားတွေ ရိုက်နှက်စစ်ဆေးခံခဲ့ရတဲ့အခြေအနေ
- ထားဝယ်မြို့အနီးက မောင်မယ်ရှောင်ရွာထဲ တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွာသားတွေ ပိတ်မိခဲ့ကြတဲ့အကြောင်း
- ထားဝယ်မြို့က အင်္ဂလိပ်စာ သင်တန်းဆရာတစ်ဦး အဖမ်းခံလိုက်ရတာ
- ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာလည်း မနေ့ညက ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အခြေအနေ
- လုပ်ဆောင်ချက် ၄ ခုနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ထိုင်းနိုင်ငံဖက်က ကြိုးပမ်းလာတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း (၂)
“တစ်ချို့သောအမှုတွေကြန့်ကြာနေတာတွေရှိပါတယ်။ ဒါကိုတော့ ပွင့်ပွင့်လင်းလင်း ဝန်ခံချင်ပါတယ်။ဒါပေမယ့် ဒါကိုကျွန်တော်ဆင်ခြေပေးတာမဟုတ်ပါဘူး”
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ်ကျော်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားပေါ်ပေါက်လာပြီး နေရာဒေသအနှံ့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်။
တော်လှန်ရေးအရှိန်ကောင်းနေသလို တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်အချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်သည်တော်ကျင့်ဝတ် ဖောက်ဖျက်မှုများလည်း ရှိလာနေသည်။
စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထူးပြောဖွယ်မရှိအောင်ပင် နေရာအားလုံးလိုလိုတွင် ဖြစ်ပေါ်နေသည်။
သို့သော်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့များမှာမူ ယင်းသို့ချိုးဖောက်မှုများကို အနည်းငယ်မျှပင် ပြုလုပ်ရန်မသင့်ဘဲ ကျင့်ဝတ်၊စည်းကမ်းများကို အထူးလိုက်နာရန် လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။
သို့မှသာ ပြည်သူယုံကြည် ကိုးစားခံရသူများဖြစ်ကာ စံပြုထိုက်သည့် အဖွဲ့များ ဖြစ်လာမည်ဟုလည်း ထောက်ပြသူများက ဆိုကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးစံနှုန်းများကို ရေးဆွဲအတည်ပြုထားသည်။
ယင်းကြောင့် တော်လှန်ရေးအဖွဲ့များ၏ ကျင့်ဝတ်လိုက်နာမှုဆိုင်ရာ အခြေအနေများကို NUG ၏ လူ့အခွင့်အရေါးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို Dawei Watch က မေးမြန်းတင်ဆက်လိုက်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း (၁)
“ဒါက စစ်သည်ကျင့်ဝတ်လည်းချိုးဖောက်သလို လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်တယ်”
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း (၁)
စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ်ကျော်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားပေါ်ပေါက်လာပြီး နေရာဒေသအနှံ့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်။
တော်လှန်ရေးအရှိန်ကောင်းနေသလို တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်အချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်သည်တော်ကျင့်ဝတ် ဖောက်ဖျက်မှုများလည်း ရှိလာနေသည်။
စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထူးပြောဖွယ်မရှိအောင်ပင် နေရာအားလုံးလိုလိုတွင် ဖြစ်ပေါ်နေသည်။
သို့သော်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့များမှာမူ ယင်းသို့ချိုးဖောက်မှုများကို အနည်းငယ်မျှပင် ပြုလုပ်ရန်မသင့်ဘဲ ကျင့်ဝတ်၊စည်းကမ်းများကို အထူးလိုက်နာရန် လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။
သို့မှသာ ပြည်သူယုံကြည် ကိုးစားခံရသူများဖြစ်ကာ စံပြုထိုက်သည့် အဖွဲ့များ ဖြစ်လာမည်ဟုလည်း ထောက်ပြသူများက ဆိုကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးစံနှုန်းများကို ရေးဆွဲအတည်ပြုထားသည်။
ယင်းကြောင့် တော်လှန်ရေးအဖွဲ့များ၏ ကျင့်ဝတ်လိုက်နာမှုဆိုင်ရာ အခြေအနေများကို NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို Dawei Watch က မေးမြန်းတင်ဆက်လိုက်ပါသည်။