Skip to main content
KC’s Notes

KC’s Notes

By KC Myanmar

KC Myanmar ရဲ့ ဟိုရောက်ဒီရောက် ပြောချင်တာလေးတွေ...
Available on
Google Podcasts Logo
Pocket Casts Logo
RadioPublic Logo
Spotify Logo
Currently playing episode

Self-Discipline

KC’s NotesJan 31, 2023

00:00
02:45
Self-Discipline

Self-Discipline

ကိုယ့်ကိုယ်ကိုယ် ဆုံးမပဲ့ပြင်ခြင်း။
Jan 31, 202302:45
Team Briefing

Team Briefing

ဝန်ထမ်းတွေကို information တွေ မျှဝေပေးဖို့ immediate boss ကနေ ပုံမှန်တွေ့ဆုံတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

Jun 09, 202208:57
ကိုယ်ဘာလဲဆိုပြီးလက်ခံထားတဲ့အရာ

ကိုယ်ဘာလဲဆိုပြီးလက်ခံထားတဲ့အရာ

ကိုယ်ဘာလဲဆိုပြီးလက်ခံထားတဲ့အရာတွေက မကောင်းတဲ့အခါ အဆင်မပြေတာတွေနဲ့ကြုံရတတ်ပါတယ်။

Jun 05, 202206:20
မျက်နှာချင်းဆိုင်ဆွေးနွေးပွဲတစ်ခု

မျက်နှာချင်းဆိုင်ဆွေးနွေးပွဲတစ်ခု

မျက်နှာချင်းဆိုင်ဆွေးနွေးပွဲတစ်ခုကို ဘယ်လိုပြင်ဆင် ဦးဆောင်ဆွေးနွေးရမလဲ

Jun 04, 202206:22
သူများမင်္ဂလာသတင်းက၊ကိုယ့်အတွက်အမင်္ဂလာမဖြစ်စေဖို့

သူများမင်္ဂလာသတင်းက၊ကိုယ့်အတွက်အမင်္ဂလာမဖြစ်စေဖို့

သူများမင်္ဂလာသတင်းက၊ကိုယ့်အတွက်အမင်္ဂလာမဖြစ်စေဖို့ စိတ်ထားတတ်ရမယ်...

Jun 03, 202204:39
ရည်မှန်းချက်ရယ်၊ဆန္ဒရယ်၊တွန်းအားရယ်

ရည်မှန်းချက်ရယ်၊ဆန္ဒရယ်၊တွန်းအားရယ်

အောင်မြင်ဖို့အတွက် ရည်မှန်းချက်ရယ်၊ဆန္ဒရယ်၊တွန်းအားရယ် လိုအပ်ပါတယ်။

Jun 02, 202205:50
မန်နေဂျာကောင်းဖြစ်ဖို့ရာ

မန်နေဂျာကောင်းဖြစ်ဖို့ရာ

အခုမှအလုပ်ဝင်ကြမယ့်လူငယ်တွေသိသင့်တဲ့ မန်နေဂျာကောင်းဖြစ်ဖို့ရာအချက်များ

Jun 01, 202205:21
စိတ်ရှည်ခြင်း

စိတ်ရှည်ခြင်း

စိတ်ရှည်ခြင်း၊သည်းခံတတ်ခြင်းကအရေးကြီးပါတယ်။

May 31, 202203:30
အဆိုးနဲ့အကောင်းဒွန်တွဲနေတယ်

အဆိုးနဲ့အကောင်းဒွန်တွဲနေတယ်

အဆိုးနဲ့အကောင်းဒွန်တွဲနေတာကိုနားလည်ပြီး အစွန်းမရောက်တော့အောင် ထိန်းရမယ်

May 30, 202205:08
အိပ်မက်ကနေနိုးထဖို့

အိပ်မက်ကနေနိုးထဖို့

Goal setting အပြင် Goal planning ပါလိုပါတယ်။

May 28, 202206:43
ဒူပေနာပေခံနိုင်ရည်

ဒူပေနာပေခံနိုင်ရည်

လဲကျရင်ပြန်ထမယ်...

May 27, 202204:40
အချိန်ကရွှေ၊အချိန်ကငွေ

အချိန်ကရွှေ၊အချိန်ကငွေ

လူငယ်တွေအတွက်အကြံပေးစကားများ
May 26, 202205:29
Middle Manager များသိသင့်စရာ

Middle Manager များသိသင့်စရာ

Middle မန်နေဂျာတစ်ဦးအနေနဲ့ သိသင့်သိထိုက်တာများကို ခေါင်းစဉ် (၁၁) ခုနှင့် ရှင်းပြထားပါတယ်။
May 23, 202204:27:21
လူငယ် နဲ့ Soft Skills

လူငယ် နဲ့ Soft Skills

ကျောင်းတို့လို့တန်းလန်းနဲ့ အလုပ်လုပ်ကြဖို့ ပြင်ဆင်အားယူနေကြတဲ့ လူငယ်တွေ လုပ်ငန်းခွင်ဝင်တဲ့အခါ သိထားသင့်တဲ့ Soft Skills တွေအကြောင်း
Mar 08, 202201:40:10
လုပ်ငန်းရှင်တစ်ယောက်သိသင့်တဲ့ HR အကြောင်း

လုပ်ငန်းရှင်တစ်ယောက်သိသင့်တဲ့ HR အကြောင်း

HR ဆိုတာဘာလဲ၊ HR ရဲ့ အခန်းကဏ္ဍ၊ လုပ်ငန်းရှင်တစ်ယောက်အတွက် HR က အရေးကြီးလား၊ HR အတွက် အကုန်အကျခံရမလား၊ အကုန်အကျခံရင် ဘယ်လိုအကျိုးရှိမလဲ၊ HR အတွက်ဘယ်သူ့မှာ တာဝန်ရှိသလဲ။
Feb 18, 202227:22
Performance Conversations

Performance Conversations

သမရိုးကျ Performance Review ကို တစ်နှစ် တစ်ကြိမ်၊နှစ်ကြိမ်လုပ်တာထက်၊ ဒီလို Performance Conversations တွေကို ပုံမှန်လုပ်တာက အခုခေတ် အခုခါနဲ့ပိုကိုက်ပါတယ်။
Feb 12, 202230:04
ဝေဖန်တတ်ပါသလား။

ဝေဖန်တတ်ပါသလား။

ဝေဖန်တယ်ဆိုတာဘာလဲ ဆိုတာထက်၊ ဘာ့အတွက်ဝေဖန်မှာလဲဆိုတာကို သိအောင်လုပ်ရမယ်။
Feb 09, 202205:04
Individual Development Plan

Individual Development Plan

လုပ်ငန်းအဖွဲ့အစည်းတွေမှာ ဝန်ထမ်းတွေအတွက် တိုးတက်ရာတိုးတက်ကြောင်း Development တွေကို တစ်ဦးချင်းစီအတွက်ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အကြောင်း
Feb 08, 202210:53
အတွေးဆိုးများ

အတွေးဆိုးများ

အတွေးတွေ...အတွေးတွေ...

ကောင်းတာတွေ တွေးနိုင်သလို အဆိုးတွေလဲ တွေးမိနေတတ်တယ်...အကောင်းတွေတွေးတာ အကျိုးမယုတ်လှပေမယ့် အဆိုးတွေ တွေးတာများလာရင် အကျိုးတွေယုတ်ဖို့ များလာပါလိမ့်မယ်...

ဒီလိုတွေ ဖြစ်လာပြီဆိုရင်တော့ T.A.S.E.R ဆိုတာလေးကိုမှတ်ထားပါ...

“Tuning in” – အတွေးဆိုးတွေ ဝင်လာတိုင်း သတိပြုလိုက်ပါ...

“Acknowledging” – အတွေးဆိုးတွေကို လက်ခံလိုက်ပါ...ဒါတွေဟာ အတိတ်က အရိပ်တွေဆိုတာကို သတိပြုလိုက်ပါ....

“Shifting” – မလိုလားအပ်တဲ့ အတွေးဆိုးတွေကို အတွေးကောင်းလေးတွေနဲ့ အစားထိုးလိုက်ပါ...ဥပမာ - "ငါဟာ သိပ်အဖြစ်မရှိဘူး" ဆိုတဲ့အတွေးကို "ငါဟာ မဆိုးဘူး...ဖြစ်အောင်လုပ်နိုင်မှာပါ" အဖြစ် ပြောင်းလိုက်ပါ။

“Expressing” – ဒီလို ပြောင်းလိုက်တဲ့ အတွေးတွေကို ရဲရဲကြီး နူတ်က မြွတ်ဆိုလိုက်ပါ။

“Repeating” – အခုလုပ်ခဲ့တာတွေကို မလိုချင်တဲ့ အတွေးဆိုးတွေဝင်လာတိုင်း လုပ်လုပ်ပေးလိုက်ပါ။
Nov 02, 202106:37
Negotiation Skills

Negotiation Skills

Negotiation Skills အကြောင်းအရာကို အောက်မှာပေးထားတဲ့ ခေါင်းစဉ် (၁၂) ခုနဲ့ ပြောပြပေးပါမယ်။

၁။ မိတ်ဆက်

၂။ ဆွေးနွေးညှိနှိုင်းခြင်းအကြောင်း

၃။ ပြင်ဆင်ခြင်း

၄။ လုပ်စရာရှိတာစလုပ်ခြင်း

၅။ အဆင့် (၁)

၆။ အဆင့် (၂)

၇။ နှစ်ဦးနှစ်ဖက်အကျိုးရှိခြင်း

၈။ အဆင့် (၃)

၉။ အခက်အခဲတွေရင်ဆိုင်ခြင်း

၁၀။ အခန်းပြင်ပဆွေးနွေးညှိနှိုင်းခြင်း

၁၂။ သူများအတွက်ဆွေးနွေးညှိနှိုင်းခြင်း

၁၃။ အကျဉ်းချုပ်
Oct 30, 202101:07:06
Career Killers, Career Builders

Career Killers, Career Builders

အခုခေတ်လူငယ်တွေအားလုံး သိထားသင့်တဲ့ Career Builders, Career Killers ဆိုတဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကိုပျက်စီးစေမယ့်အရာတွေ၊ တည်ဆောက်ပေးမယ်အရာတွေကို John M Crossman က သူ့ရဲ့ စာအုပ်ဖြစ်တဲ့ Career Builders, Career Killers မှာ ပြောပြထားတာတွေကို အဆီအနှစ်ထုတ်ပြီး လွယ်ကူစွာနားလည်အောင်ရှင်းပြပေးထားတာဖြစ်ပါတယ်။
Sep 10, 202126:58
ဒွန် စပီရိုး စပဲရိုး

ဒွန် စပီရိုး စပဲရိုး

ဘဝမှာဘယ်လောက်ကြာကြာ (How long) အသက်ရှင်ရမလဲဆိုတာကို ကိုယ်မပြောနိုင်ပေမယ့်....နေရတဲ့အခိုက်အတန့်လေးမှာ ဘဝကို ဘယ်လောက်ကျယ်ကျယ် (How wide)... ဘယ်လောက်နက်နက် (How deep) ကျေကျေနပ်နပ် နေထိုင်သွားမလဲ ဆိုတာကိုတော့ ရွေးချယ်နိုင်ပါတယ်...
Aug 10, 202103:47
အလုပ်မှာ အခြေအနေမကောင်းတော့ဘူးဆိုတာကို ဘယ်လိုလုပ်သိနိုင်မလဲ။

အလုပ်မှာ အခြေအနေမကောင်းတော့ဘူးဆိုတာကို ဘယ်လိုလုပ်သိနိုင်မလဲ။

ကုမ္ပဏီအလုပ်ဆိုတာကို အမြဲတမ်း အတက်တွေကြီးပဲ ရှိနေမယ်လို့ တွေးထားလို့မရပါဘူး။ လူတွေနဲ့ ဖွဲ့စည်းလုပ်ကိုင်နေတာဖြစ်လို့ လူတွေနဲ့ သဘောထားချင်မတိုက်ဆိုင်တဲ့အခါမှာ အလုပ်ကို ထိခိုက်တဲ့အထိ အပြောင်းအလဲတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီလိုအနေအထားတွေကို သတိပေးနေတဲ့ အချက်ပေး လက္ခဏာ tell-tale sign တွေကို သတိပြုမိတတ်ဖို့လိုပါတယ်။ သတိပြုမိပြီဆိုရင်လည်း မှန်ကန်စွာ တုန့်ပြန်နိုင်ဖို့လိုပါတယ်။ ဒီအတွက် သတိထားသင့်တဲ့ အခြေအနေ (၁၀) ခုကို ပြောပြပေးချင်ပါတယ်။
Aug 07, 202109:55
အလွဲတရားများ

အလွဲတရားများ

လုပ်ငန်းအဖွဲ့အစည်းထဲမှာရှိတဲ့ လူတွေကို တူညီတဲ့ ဦးတည်ချက်တစ်ခုဆီကို အတူတွဲခေါ်နိုင်မယ်ဆိုရင်၊ ဘယ်လိုမျိုးလုပ်ငန်း၊ စျေးကွက်မျိုးမှာမဆို အောင်မြင်လွှမ်းမိုးချုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ဆောင်ဖို့ကတော့ ခေါင်းဆောင်တွေအနေနဲ့ အလွဲတရား (၅) မျိုးကို ဖေါ်ထုတ် ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။
Aug 01, 202106:50
သင့်အခြေအနေနဲ့ဒီလောကကြီး

သင့်အခြေအနေနဲ့ဒီလောကကြီး

အပိုင်း (၁၂) - လူတစ်ယောက်ရဲ့ အခြေအနေ ( a person’s state) လို့ တစ်ယောက်ယောက်က ပြောဆိုလာတယ်ဆိုရင်၊ သူတို့က သူတို့ စိတ်ခံစားမှု အခြေအနေ (emotional condition) ကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်နေစိတ်ထားတွေ (moods)၊ အတွေးတွေ (thoughts)၊ ခံစားမှု (feelings) တွေကို ဆိုလိုတာဖြစ်ပါတယ်။
Jul 31, 202112:12
ဘာသာစကားနဲ့ အာရုံခံစားမှုများ

ဘာသာစကားနဲ့ အာရုံခံစားမှုများ

အပိုင်း (၁၁) - ဘာသာစကားနှင့်အာရုံခံစားမှုများ (Language and the senses)
Jul 30, 202109:40
မျက်လုံးအနေအထား

မျက်လုံးအနေအထား

အပိုင်း (၁၀) - လူတွေရဲ့ အတွေးပုံစံနဲ့ မျက်လုံး လှုပ်ရှားမှုမှာ ဆက်စပ်မှုရှိတယ်
Jul 29, 202108:33
ကိုယ်စားပြုစနစ်များ

ကိုယ်စားပြုစနစ်များ

အပိုင်း (၉) - သတင်းအချက်အလက်များကိုကျွန်တော်တို့ နားလည်အောင်လက်ခံလုပ်ဆောင်တဲ့နည်းလမ်းတွေအများကြီးအထဲကတစ်ခုကတော့ အာရုံတစ်ခုမှလာတဲ့ သတင်းအချက်အလက်ကို အခြားအာရုံတစ်ခုမှလာတဲ့ သတင်းအချက်အလက်တွေထက် ပိုမိုအာရုံစိုက်ဖို့ရွေးချယ်ခြင်းဖြစ်ပါတယ်။ ဥပမာ - ကြားရတာထက် မြင်ရတာကို ပိုပြီးလက်ခံ အသုံးပြုကြတာမျိုးဖြစ်ပါတယ်။
Jul 28, 202112:02
Deletion, Generalization, Distortion

Deletion, Generalization, Distortion

အပိုင်း (၈) - ပယ်ဖျက်ခြင်း (Deletion)၊ ယေဘုယျကောက်ချက်ဆွဲယူခြင်း (Generalization)၊ ပုံပျက်သွားစေခြင်း (Distortion)
Jul 24, 202117:28
ဆက်သွယ်မှု

ဆက်သွယ်မှု

အပိုင်း (၇) - စိတ်အတွင်းကမ္ဘာအကြောင်း...
Jul 22, 202108:18
NLP မူဘောင်များ

NLP မူဘောင်များ

အပိုင်း (၆) NLP မှာရှိတဲ့ အခြေခံ framework တွေအကြောင်းဖြစ်ပါတယ်
Jul 20, 202118:45
လက်ယခံယုံကြည်မှုကိုအားပေးခြင်း

လက်ယခံယုံကြည်မှုကိုအားပေးခြင်း

အပိုင်း (၅) - ကိုယ်လက်ခံယုံကြည်တာတွေကို ကိုယ်ရရှိလာစေတယ်ဆိုတဲ့အကြောင်း
Jul 17, 202113:23
အောင်မြင်ဖို့အတွက်စည်းမျဉ်း (၄)ရပ်

အောင်မြင်ဖို့အတွက်စည်းမျဉ်း (၄)ရပ်

အပိုင်း (၄) အောင်မြင်မှုတွေရရှိဖို့အတွက်လိုက်နာရမယ့် စည်းမျဉ်းတွေအကြောင်း
Jul 16, 202107:48
သင်အလိုရှိရာဆီသို့ခရီးလမ်း

သင်အလိုရှိရာဆီသို့ခရီးလမ်း

အပိုင်း (၃) - Change ဆိုတဲ့အပြောင်းအလဲကသင်လက်ရှိ ရှိနေတဲ့နေရာ (where you are) နဲ့ သင်အနာဂတ်မှာရှိနေမယ့် နေရာ (where you will be) အကြားမှာရှိနေတဲ့ခရီးတစ်ခုပဲဖြစ်ပါတယ်။
Jul 14, 202105:36
NLP ရဲ့ ရာဇဝင်

NLP ရဲ့ ရာဇဝင်

အပိုင်း (၂) - NLP ဖြစ်ပေါ်လာတဲ့ ရာဇဝင်လေးဖြစ်ပါတယ်။
Jul 13, 202106:56
NLP ရဲ့ အခြေခံအကြောင်းများ

NLP ရဲ့ အခြေခံအကြောင်းများ

အပိုင်း (၁) NLP ဆိုတာဘာလဲဆိုတာလေးကိုရှင်းပြထားတာပါ။
Jul 13, 202106:26
စာသင်ခန်းမှာပျော်ရွှင်စရာ

စာသင်ခန်းမှာပျော်ရွှင်စရာ

မူကြိုကျောင်းမှာ စာသင်ကြားပေးကြပုံနဲ့ မူလတန်း အထက်တန်းကျောင်းတွေမှာ သင်ကြား ပေးကြတဲ့ပုံတွေဟာ အနည်းနဲ့အများတော့ မတူကြတာ အမှန်ပါပဲ။ မူကြိုကျောင်းတွေမှာ သင်ကြားပေး ကြတဲ့အခါမှာ ရောင်စုံခဲတံတွေနဲ့ ပုံဆွဲကြရတာတွေ၊ ကဗျာတွေ သီချင်းတွေ ဆိုကြရတာတွေ၊ အရုပ်တွေနဲ့ ဆော့ပြီး သင်ယူကြရတာတွေနဲ့ နည်းလမ်းမျိုးစုံလှပါတယ်။ ဒါပေမယ့် မူလတန်း အထက်တန်းကျောင်းတွေကို ရောက်သွားတဲ့အခါမှာတော့ များသောအားဖြင့် ဆရာမက ရှေ့ကနေ သင်ကြားပေးတာကို နားထောင်ပြီး စာတွေ လိုက်ကူး လိုက်မှတ်ရတာတွေပဲ များလာကြပါတယ်။
Jul 08, 202112:17
နည်းနည်းပြော၊ များများမေး

နည်းနည်းပြော၊ များများမေး

Coaching လုပ်တယ်ဆိုတာက တကယ်တမ်းတော့ လူတွေနဲ့ စကားပြောတယ်ဆိုတာထက် အများကြီး ပိုပါတယ်။ လူတွေရဲ့ အတွေးတွေ၊ သူတို့ရဲ့ အလုပ်တွေ၊ သူတို့ရဲ့ စိုးရိမ်နေတဲ့ အကြောင်းကို ဆွေးနွေးကြဖို့ သူတို့ စိတ်ပါဝင်စားလာစေမယ့် မေးခွန်းကောင်းတွေကို မေးမြန်းနိုင်ဖို့ လိုအပ်ပါတယ်။
Jul 03, 202128:57
Writing Effective Policies and Procedures

Writing Effective Policies and Procedures

Writing Policies, Effective Writing, Policy and Procedure
Jun 29, 202101:25:20
ရေခဲတုံးကြီးအရည်ပျော်နေပြီ

ရေခဲတုံးကြီးအရည်ပျော်နေပြီ

အန္တာတိကတိုက်ရဲ့ တစ်နေရာမှာ ပင်ဂွင်းအင်ပါယာကြီး တစ်ခုရှိပါတယ်။ အတိအကျပြောရရင်တော့ ပင်ဂွင်းဦးရေ ၂၆၈ ကောင်လောက်ရှိပါတယ်။ သူတို့တွေက iceberg လို့ခေါ်တဲ့ ဧရာမရေခဲမြောတုံးကြီးပေါ်မှာ နှစ်ပေါင်းများစွာ ကတည်းက နေလာကြတာပေါ့။ သူတို့အတွက် တကယ့်ကို နိဗ္ဗာန်ဘုံ ပါပဲ။ Reference: "Our Iceberg Is Melting: Changing and Succeeding Under Any Conditions" By John Kotter & Holger Rathgeber
Jun 28, 202116:54
ခလေးဘဝသင်ခန်းစာများ

ခလေးဘဝသင်ခန်းစာများ

တကယ်တော့ ဘဝမှာ ဘယ်လို နေထိုင်ရမလဲဆိုတာကို ခလေးဘဝကတည်းက သိခဲ့ကြတာပါ။ ခလေးဘဝမှာ ထားခဲ့ကြတဲ့သူနဲ့ လူကြီးဘဝအထိယူလာခဲ့တဲ့သူ အကြားမှာတော့ ကွာခြားမှုတွေရှိနိုင်တာပေါ့
Jun 26, 202111:38
အမှောင်ထုအထဲက အလင်းရောင်

အမှောင်ထုအထဲက အလင်းရောင်

တစ်ချို့လူတွေက သူတစ်ပါးတွေရဲ့ဘဝတွေကို အမှောင်ထုထဲ ဆွဲချဖို့ကြိုးစားကြပေမယ့်လည်း၊ အဲ့ဒီ့အမှောင်ထုအထဲက အလင်းရောင်လေးကိုရှာဖွေတတ်လာနိုင်တာကကျေးဇူးတော်ပါပဲ။
Jun 25, 202107:21
Managers တွေသိသင့်တဲ့ Office Politics အကြောင်း

Managers တွေသိသင့်တဲ့ Office Politics အကြောင်း

Office Politics ဆိုတာကတော့ လုပ်ငန်းခွင်တွေမှာ လူတွေရဲ့ ဩဇာ၊အာဏာ၊ပါဝါ တွေပါဝင်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပြောဆိုဆက်ဆံနေတဲ့ သဘောတရားလေးတွေကို ပြောချင်တာဖြစ်ပါတယ်။
Jun 24, 202155:27
ပေါ့ပါးမြန်ဆန်ရှေ့ဆက်ရန်

ပေါ့ပါးမြန်ဆန်ရှေ့ဆက်ရန်

အပြောင်းအလဲတွေ ပြင်းထန်လှတဲ့ လောကကြီးကို အမြင်သစ်တမျိုးနဲ့ ချဉ်းကပ်ပုံလေးပါ။ ဒီအကြောင်းအရာလေးကို Consultant လည်းဖြစ်တယ်၊ တောင်တက်သမားတယောက်လည်းဖြစ်တဲ့ Patrick Hollingworth ရေးသားထားတဲ့ The Light and Fast Organization ဆိုတဲ့ စာအုပ်အထဲကနေ ကောက်နူတ်ပြီး ပြောပြထားတာဖြစ်ပါတယ်။
Jun 22, 202114:60
အချိန်ဆိုတာဘာလဲ

အချိန်ဆိုတာဘာလဲ

အလုပ်အထဲမှာ အချိန်များများပေးတိုင်း ကောင်းတယ်လို့ပြောလို့မရပါဘူး။ ပေးလိုက်ရတဲ့ အချိန်တွေမှာ ကိုယ့်အတွက် အကျိုးရှိတဲ့အရာတွေကို ထိထိရောရောက်လုပ်နိုင်ဖို့ကပိုအရေးကြီးပါတယ်။
Jun 20, 202118:42
ဒုက္ခနဲ့ကြုံတွေ့လာတဲ့အခါမှာ

ဒုက္ခနဲ့ကြုံတွေ့လာတဲ့အခါမှာ

အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့အချိန်မှာ ကိုယ့်ခံစားချက်တွေကို အများသိအောင် ပြောစရာမလိုပါဘူး။ လူတွေကသိသွားတဲ့အခါ ဪ သူက ဒီလိုဖြစ်နေတာလေ ဆိုတာလောက်ကို ပြောကြရင်လေကံကောင်းတယ်လို့မှတ်ပါ။ ကိုယ့်ကိုမကြိုက်တဲ့သူတွေကတော့ ဝမ်းသာသွားကြပါလိမ့်မယ်။ ဒီလောက်ပါပဲ။ လူတိုင်းမှာ ပြဿနာကိုယ်စီနဲ့မို့လို့ ဘယ်သူမှ အကြာကြီးအဖက်မလုပ်နိုင်ပါဘူး။

ဒါပေမယ့် ကိုယ့်ကိုတကယ်ချစ်ခင်တဲ့သူတွေကတော့ ပြောစရာမလိုပဲနဲ့ သိနေကြလိမ့်မယ်။ သိအောင်လဲ လုပ်ကြလိမ့်မယ်။ ဒီလိုလူတစ်ယောက်နှစ်ယောက်ရှိရင်ကို လုံလောက်ပါတယ်။

အဓိကကျတာတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ ဒီအခက်အခဲကာလဟာ ယာယီပဲဖြစ်တယ်လို့မှတ်ယူရမယ်။ ကိုယ်တတ်နိုင်သလောက်ရုန်းကန်ရမယ်။ ကိုယ်လက်မလျော့သရွေ့ အခွင့်အလမ်းကရှိနေဦးမှာပါ။

ဒါပါပဲ။
Jun 15, 202106:07
ကိုယ့်ကိုယ်ကိုယ်လှည့်ဖျားခြင်း

ကိုယ့်ကိုယ်ကိုယ်လှည့်ဖျားခြင်း

ကျွန်တော့်ရဲ့ Facebook group ဖြစ်တဲ့ KC’s Learning Café မှာ Live လွှင့်ပေးခဲ့တဲ့ video လေးရဲ့ အသံဖိုင်ပါ။ တစ်နာရီလောက်ကြာပါမယ်။ The Arbinger Institute ရဲ့ Leadership & Self-Deception ကို ကိုးကားပါတယ်။
Jun 14, 202157:25
To live, to love, to learn and to leave legacy

To live, to love, to learn and to leave legacy

ဘဝကိုအဓိပ္ပါယ်ရှိရှိရှင်သန်ရမယ်၊ ချစ်ချင်းမေတ္တာတွေကိုပေးရမယ်၊ စဉ်ဆက်မပျက်အသစ်အသစ်တွေကို သင်ယူလေ့လာရမယ်..ဘဝနေဝင်ချိန်မှာအကောင်းဆုံးအရာတွေကိုထားခဲ့ပေးနိုင်ရမယ်...
Jun 12, 202113:48
 Team Briefing တစ်ခုကိုဘယ်လိုဦးဆောင်မလဲ

Team Briefing တစ်ခုကိုဘယ်လိုဦးဆောင်မလဲ

Supervisor ကောင်းတစ်ယောက်ဖြစ်လာဖို့ အလုပ်မှာလက်တွေ့ အသုံးချနိင်မယ့်နည်းလမ်း techniques တွေအများကြီးရှိပါတယ်။ အဲ့ဒီအထဲကနည်းလမ်း တစ်ခုဖြစ်တဲ့ Team Briefing (အဖွဲ့ဝင်များကို အသေးစိတ် ညွှန်ကြားခြင်း) အကြောင်း။

Jun 11, 202107:20
အမြင်အာရုံတွေမှုန်ဝါးနေပါသလား

အမြင်အာရုံတွေမှုန်ဝါးနေပါသလား

Loosing focus ဖြစ်နေတာမျိုး...ဆိုလိုချင်တာက အမြင်အာရုံတွေမှုန်ဝါးနေတာမျိုးတွေဖြစ်နေပါသလား...ဘဝမှာ ဦးတည်ရာမဲ့နေသလို့မျိုး ဘာလုပ်လို့ ဘာကိုင်ရမယ် မသိတာမျိုးဖြစ်နေပါသလား...
Jun 10, 202106:09