Dawei Watch Podcast
By Dawei Watch
Dawei Watch PodcastMay 14, 2024
မေလ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နယ်က ပြောင်းလာတဲ့ ကျောင်းသားဦးရေများလွန်းလို့ ထားဝယ်မြို့မှာ ကျောင်းအပ်ဖို့ ခက်ခဲနေတဲ့အကြောင်း
- ထားဝယ်မှာ ကုန်ပစ္စည်းအချို့ ဝယ်ယူရခက်ခဲနေပြီး ပစ္စည်းအချို့ပြတ်လပ်နေတဲ့အကြောင်း
- ကံပေါက်ဒေသခံ CDM ပညာရေးဝန်ထမ်းနှစ်ဦး ထောင် ၁၀နှစ်စီ ချမှတ်ခံရတဲ့သတင်း
- ထိုင်းတက္ကသိုလ်မှာ ကျောင်းပြီးသူတွေ ၁ နှစ်ထပ်နေခွင့်အပါအဝင် ဗီဇာမူဝါဒတွေ ဖြေလျော့လိုက်တဲ့အကြောင်း အပါအဝင်
- စံချိန်တက်ဆက်တက်နေတဲ့ ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ချင်းမိုင်မှာ ထားဝယ် လိင်တူချစ်သူနှစ်ဦး လက်ထပ်လိုက်တဲ့သတင်း
- ထားဝယ်နဲ့မြိတ်မှာ လျှစ်စစ်ယူနစ်ဈေးတွေ ဆက်တိုက်တက်နေတဲ့အကြောင်း
- တိုက်ပွဲအတွင်း မီးရှိုခံရတဲ့ ဆန်းချီတံတားကို ကိုယ်ထူကိုယ်ထပြန်တည်ဆောက်နေတဲ့အခြေအနေ
- ရေဖြူမှာ အခုလအတွင်း အမျိုးသားနှစ်ဦး ကြိုးဆွဲချသ တ်သေသွားတဲ့အကြောင်း
- ထားဝယ်-ရန်ကုန်လမ်းပေါ်က မစောတံတား ယာယီမြေသားလမ်း မိုးရွာလို့ပျက်စီးပြီး သွားလာရခက်နေတဲ့ အခြေအနေ
- ထိုင်းမှာ ကွန်ဒိုဝယ်ယူမှု မြန်မာနိုင်ငံက ဒုတိယနေရာချိတ်နေတဲ့အကြောင်း အပါအဝင်
- အရောင်းအဝယ်ရပ်သွားတဲ့အထိ ဈေးတက်နေတဲ့ ရွှေ နဲ့ ဘတ်ဈေး အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ၂နှစ်ကျော်ကာလအတွင်း အစုံလိုက်အပြုံလိုက်သ တ်ဖြတ်မှုကြောင့် အရပ်သား ၁၄၀၀ ကျော်သေဆုံးရတဲ့ အကြောင်း
- ရခိုင်ပြည်နယ် တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လအတွင်း အရပ်သား ၂၇၀ နီးပါးသေဆုံးခဲ့တဲ့ အကြောင်း
- ပါဠိပထမပြန် အငယ်တန်းစာမေးပွဲမှာ ထားဝယ်ကိုရင် တစ်နိုင်ငံလုံး ပထမရတဲ့အကြောင်း
- ထိုင်းနိုင်ငံက ရော်ဘာတောထဲနေတဲ့ မြန်မာကိုယ်ဝန်ဆောင် ဆေးရုံကားပေါ် ကလေးမွေးတဲ့သတင်း
- မြစ်ကြီးနားထောင်မှာ ဆန္ဒပြတောင်းဆိုတဲ့ နိုင်ကျဉ်းအပါအဝင် အကျဉ်းသားတစ်ဆယ်ကျော် ထပ်တိုးထောင်ဒဏ် ချခံရတဲ့အကြောင်း အပါအဝင်
- စံချိန်တင်ဆက်တက်နေတဲ့ ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နိုင်ငံကူးလက်မှတ်မှာ ထိုင်းရဲ့အဝင်တုံးမရှိရင် သက်တမ်းမတိုးပေးတော့လို့ မြန်မာအလုပ်သမားတွေ အခက်ကြုံနေရ တဲ့ အခြေအနေ
- လောင်းလုံးမှာ ထားဝယ်ခရိုင်သပိတ်ကော်မတီက သစ်ပင် ၂၅၀ဝ စိုက်မယ့်အကြောင်း
- အမှိုက်ကားနဲ့လိုက်လာတဲ့ မြန်မာသုံးဆယ် ကန်ချနဘူရီမှာ အဖမ်းခံရတဲ့သတင်း
- အွန်လိုင်းနာမည်ကြီး ခွေးလေး ကာဘိုဆု သေဆုံးသွားတဲ့အကြောင်း
- ၁၆ နှစ်အောက်ကလေးတွေ စမတ်ဖုန်းသုံးစွဲခွင့်ပိတ်ဖို့ ဗြိတိန်လွှတ်တော်အမတ်တွေ တိုက်တွန်းလိုက်တဲ့အကြောင်း အပါအဝင်
- စံချိန်တင် ထပ်တက်လာတဲ့ ရွှေနဲ့ထိုင်းဘတ်ဈေး အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာ့ရေးရာ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မေလ ၁၉ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (မေလ ၁၉ ရက်ကနေ ၂၅ ရက်နေ့အထိ )
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၁၈ ရက်နေ့ကနေ မေလ ၂၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
မေလ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်ဒေသမှာ ဆားအထွက်လျော့ကျခဲ့တဲ့သတင်း
- ပုလောသား ရဲဘော်တစ်ဦးရဲ့ တော်လှန်ရေးကဗျာစာအုပ် ထိုင်းမှာ ဖြန့်ချိတဲ့အကြောင်း
- ထိုင်းဝန်ကြီးချုပ်ကို တိုင်ထားတဲ့အမှုကို အခြေခံဥပဒေခုံရုံးက လက်ခံစစ်ဆေးမယ်ဆိုတဲ့သတင်း
- ကွယ်လွန်သွားတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့က လူရွှင်တော်ကိုဝိုင်းကျော်ကို သင်္ဂြိုဟ်လိုက်တဲ့အကြောင်း
အပါအဝင်
- ရွှေတစ်ကျပ်သား ကျပ်ငါးသောင်း ပြန်ကျလာတဲ့ သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်-ထားဝယ်သွားကားလမ်းမှာ တံတားတစ်စင်း ထပ်မံဖောက်ခွဲခံရပြီး လူသေဆုံးမှုလည်းဖြစ်ပွားခဲ့တဲ့အကြောင်း
- ထားဝယ်ဈေးကွက်မှာ အခေါက်ရွှေဈေး ထပ်တက်လာတဲ့ အခြေအနေ
- လေးနှစ်အကြာ ရပ်ထားတဲ့ ရှင်မုတ္တီး ကျွဲခတ်အက ဒီနှစ်မှာ ပြန်ကျင်းပကြတာ
- စစ်မှုမထမ်းချင်လို့ မလေးရှားသွားမယ့် မြန်မာတွေ ထိုင်းနိုင်ငံမှာ ဖမ်ဆီးခံလိုက်ရတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အရပ်သားစီးလာတဲ့ကားတစ်စီး မောင်မယ်ရှောင်ရွာနားမှာ ပစ်ခတ်ခံရတဲ့အကြောင်း
- ဟားငါးကောင်အငြိမ့်အဖွဲ့က လူရွှင်တော် ကိုဝိုင်းကျော် ကွယ်လွန်သွားတဲ့ သတင်း
- ရေဖြူက ကလိန်အောင်တံတားစစ်ဆေးရေးဂိတ် ဒီနေ့တိုက်ခိုက်ခံရတဲ့အခြေအနေ
- မွန်မှာ ရထားလမ်းမိုင်းခွဲခံရလို့ ခရီးသွားတွေအခက်တွေ့နေရတဲ့အကြောင်း
- လေပြင်းကြောင့် စင်ကာပူလေယာဉ် ဘန်ကောက်မှာအရေးပေါ်ဆင်းလိုက်ရပြီး တစ်ဦးသေ ၃၀ကျော်ဒဏ်ရာရ
- ခိုးထားတဲ့ဆိုင်ကယ်တွေ မြဝတီဘက်ပြန်ရောင်းတဲ့ မြန်မာနိုင်သားနှစ်ဦး မဲဆောက်မှာ အဖမ်းခံရတဲ့သတင်း အပါအဝင်
- တစ်ကျပ်သား ၅၂ သိန်းနီးပါးအထိစံချိန်တင်တက်နေတဲ့ ရွှေ နဲ့ ဘတ်ဈေးကွက်အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းက ရငဲနဲ့ကတွဲရွာနားကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း
- ကံပေါက် သဘာဝဓာတ်ငွေ့စီမံကိန်းက ကားလေးစီး ထပ်အသိမ်းခံရတဲ့အကြောင်း
- တနင်္သာရီကမ်းရိုးတန်းမှာ မိုးကြီးပြီး ရေကြီးရေလျှံနဲ့ မြေပြိုနိုင်တယ်လို့ မိုးဇလသတိပေးထားတဲ့ အကြောင်း
- ထားဝယ်မြို့မှာ ရေတွင်းထဲခုန်ချတဲ့ အမျိုးသားကို အသက်ရှင်လျက် ပြန်ကယ်နိုင်ခဲ့တဲ့အခြေအနေ
- ဘန်ကောက်နားမှာ မြန်မာအချင်းချင်းအရက်အတူသောက်ပြီးရန်ဖြစ်လို့ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ သွားတာ
- ဆယ်နှစ်အကြာ အလုပ်လုပ်ခဲ့တဲ့ မြန်မာအမျိုးသမီအတွက် ထိုင်းအလုပ်ရှင်က အိမ်ဆောက်ပေးတဲ့အကြောင်း
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမှာ PDF တစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက ဝိုင်းပစ်ပေမယ့် ဒဏ်ရာအနည်းငယ်ရပြီး လွတ်မြောက်ခဲ့တဲ့အကြောင်း
- ဘုတ်ပြင်းက လေညာတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့အကြောင်း
- ရွှေတစ်ကျပ်သား ကျပ်သိန်းငါးဆယ်ကျော်အထိ စံချိန်တင်ဈေးတက်သွားတဲ့ အခြေအနေ
- မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်ကြောင့် မေလအတွင်း တိုင်းနဲ့ ပြည်နယ်သုံးခုမှာ လူ ၁၀ကျော် သေဆုံးရတဲ့အခြေအနေ
- ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းတွေကို NMSP-AD က အွန်လိုင်းကနေ ပထမအကြိမ်တွေ့ ဆုံတဲ့အကြောင်း အပါအဝင်
- ရဟတ်ယာဉ်ပျက်ကျလို့ အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး သေဆုံးသွားတဲ့သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာ့ရေးရာ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မေလ ၁၂ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (မေလ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ )
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၁၁ ရက်နေ့ကနေ မေလ ၁၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
မေလ ၁၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းက ဂုံညင်းဆိပ်ရွာမှာ လေကြောင်းကဗုံးကြဲလို့ ကလေးတစ်ဦးသေပြီး အမျိုးသားနှစ်ဦး ပစ်သတ်ခံရတဲ့အကြောင်း
- တောင်သူလက်ထဲ ကွမ်းသီးမရှိချိန်ရောက်မှ ဈေးတက်လာတဲ့အကြောင်း
- အပူဒဏ်ကြောင့် သီးပင်စားပင်တွေ သေကုန်တဲ့သတင်း
- ကျုံအိတ်တံတားမှာ အလှည့်ကျဖြတ်နေရလို့ ကားတွေရာချီ စောင့်ဆိုင်းနေရတဲ့အကြောင်းအပါအဝင်
- ဘန်ကောက်မှာ မြန်မာဇနီးမောင်နှံရန်ဖြစ်ပြီး ဇနီးသည်ကို သတ်ခဲ့တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့အဝင်မှာ မပေါက်ကွဲပဲကျန်တဲ့ လက်နက်ကြီးကို စစ်ကောင်စီတပ် ရှင်းလင်းတဲ့အကြောင်း
- ဇဟာစာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့သတင်း
- အိမ်ခေါင်မိုးပေါ် သွပ်ပြား တက်မိုးတဲ့အမျိုးသား ဓာတ်လိုက်သေဆုံးသွားတာ
- စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ပစ်လို့ မွန်ပြည်နယ်က အရပ်သားသုံးဦးသေဆုံးခဲ့တဲ့ အကြောင်း
- AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့က ဝဲကြီးထောင့်ရွာဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတဲ့ အကြောင်းအပါအဝင်
- သိန်းငါးဆယ်နီးလာတဲ့ ရွှေဈေးနဲ့ ဆက်တိုက်တက်လာတဲ့ ထိုင်းဘတ်ဈေး အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီရဲ့ မောရဝတီရေတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဇာဒီရွာက ကလေးနှစ်ဦး သေဆုံးသွားတဲ့ အကြောင်း
- ကလိန်အောင်က သီးနှံစိုက်ပျိုးရေးခြံတွေမှာ စစ်ကောင်စီတပ်က တောနင်းရှာဖွေနေတာ
- တိုက်ပွဲဖြစ်နေတဲ့ ကနက်သီရိရွာကို စစ်ကောင်စီတပ်က လေကြောင်းရေကြောင်းကနေ ပစ်ကူပေးပြီး တိုက်ခဲ့တဲ့အခြေအနေ
- ထိုင်းမှာ မြန်မာလူငယ်က မိခင်ရင်ကိုဓားနဲ့ထိုးလို့သေသွားချိန် မီးရှို့ခဲ့တဲ့သတင်းအပါအဝင်
- ရွှေနဲ့ဘတ် ဈေးအတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့အဝင်ဂိတ် အတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မောင်မယ်ရှောင်ရွာကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခဲ့တဲ့အကြောင်း
- ရန်ကုန်-ကော့သောင်းလမ်း တိုက်ပွဲတွေကြောင့် ကားလမ်းပိတ်ပြီး ဒေသပို့ကုန်တွေ ဆုံးရှုံးခဲ့ရတဲ့ အခြေအနေ
- ထိုင်းမြောက်ပိုင်း ချင်းမိုင်မှာ တရားမဝင်နေတဲ့ မြန်မာသုံးဆယ်နီးပါး အဖမ်းခံရတဲ့အကြောင်း
- ဘန်ကောက်က အဟောင်းဆိုင်မှာ ပေါက်ကွဲမှုဖြစ်လို့ မြန်မာလုပ်သားတစ်ဦးသေဆုံးသွားတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့အဝင် အိမ်ရှေ့ ပြင်ဂိတ်မှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ထားတဲ့အခြေအနေ
- ထားဝယ်မြို့ကမ်းနားလမ်းမှာ ကင်းလှည့်နေတဲ့စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အအကြောင်း
- တစ်ရက်ကို အနည်းဆုံးကိုးနာရီအကြာ အလှည့်ကျ မီးပေးမယ်လို့ ထားဝယ်လျှပ်စစ်ကုမ္ပဏီကထပ်ထုတ်ပြန် လိုက်တာ
- စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကြောင့် သရက်ချောင်းဒေသခံ ငါးထောင်ကျော် တိမ်းရှောင်နေရဆဲအခြေအနေ
- မွန်ပြည်နယ်သားအချို့ပါတဲ့ တနင်္သာရီတိုင်း စစ်မှုထမ်းဒုတိယအသုတ် အခုအပတ်အတွင်း သင်တန်းပေးမယ့်အကြောင်း
- ဘီးလင်းတံတားမိုင်းခွဲခံရပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားနှစ်ဦးသေသွားတဲ့ သတင်း
- တရားမဝင်လာတဲ့ မြန်မာနှစ်ဆယ်ကျော် အယုဒ္ဓယမှာ အဖမ်းခံရတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာ့ရေးရာ
မြန်မာနိုင်ငံတစ်ဝန်းက သတင်းတွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ်မြန်မာ့ရေးရာမှာတော့ မေလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တစ်ပတ်တာအတွင်; အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအစီအစဉ်ကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာပါ။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (မတ်လ ၅ ရက်ကနေ ၁၁ ရက်နေ့အထိ)
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၄ ရက်နေ့ကနေ မေလ ၁၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
မေလ ၁၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြို့နယ်သုံးခုမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၂၀ ကျော်နဲ့ တော်လှန်ရေးရဲဘော် ၉ ဦးသေဆုံးခဲ့တဲ့ သတင်း
- ဇဟာအမြောက်တပ်က မောင်မယ်ရှောင်ရွာကို လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အကြောင်း
- တနင်္သာရီက စစ်ဘေးရှောင်အမျိုးသမီးတွေ လစဉ်သုံးပစ္စည်းလိုအပ်နေတဲ့ အခြေအနေ
- ကျောက်မဲတောင်တပ်စခန်းမှာ ဖမ်းဆီးထားတဲ့ ဒေသခံလေးဦးပြန်လွှတ်ချိန် အလံဖြူထောင်ပြီး ထွက်ခိုင်းတဲ့အကြောင်း
- ပုလောက ထမင်းမစားရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်း အပါအဝင်
- တစ်ကျပ်သားကို ၄၈ သိန်းကျော်လာတဲ့ ရွှေဈေးနဲ့ ထိုင်းဘတ်ဈေးသတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီလေတပ် ကနက်သီရိရွာကို လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးနှစ်ဦးသေဆုံးသွားတဲ့အကြောင်း
- စစ်စခန်းတွေအတိုက်ခံနေရချိန် လောင်းလုံးအနီးဝန်းကျင်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တဲ့ အခြေအနေ
- ကံပေါက်မှာ အများပိုင်ရေလိုင်း ရေမလုံလောက်သလို ရေမသန့်တာကြောင့် သုံးရေအခက်အခဲဖြစ်နေတဲ့အကြောင်း
- ကလိန်အောင်မြို့ထဲ လက်နက်ကြီးကျလို့ အဘွားတစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားတဲ့သတင်း
- မြိတ်မြို့ရှိ ဧရာနဒီလွန်းကျင်းမှာ ပြုပြင်နေတဲ့ ဝါလတ်ငါးဖမ်းလှေတစ်စီး မီးလောင်ခဲ့တဲ့အကြောင်း အပါအဝင်
- ဒီနေ့ ရွှေနဲ့ ထိုင်းဘတ် အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို Subscribe လုပ်ထားကြဖို ပန်ကြားအပ်ပါတယ်။
မေလ ၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့အကြောင်း
- ရက်ရှည် ဓာတ်အားပြတ်တောက်နေတဲ့ ထားဝယ်ခရိုင်မှာ ဖုန်းနဲ့ အင်နက်လိုင်းတွေ ပြတ်တောက်နေတဲ့ အခြေအနေ
- မြိတ်- ဘုတ်ပြင်း ပြည်ထောင်စုလမ်းပေါ်ကတိုက်ပွဲတွေကြောင့် ကားလမ်းပိတ်လို့ စက်လှေနဲ့ သွားလာနေရတဲ့ အကြောင်း
- ရေဖြူမြို့နယ်က CDM ဆရာမနှစ်ဦး အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ချခံလိုက်ရတဲ့ အကြောင်း
- လောင်းလုံးမှာ လောင်းကစားဝိုင်းထောင်တဲ့ အမျိုးသားပစ်သတ်ခံရတဲ့ သတင်း
- ထိုင်းနိုင်ငံ ဗောဓိမှာခိုလှုံနေရတဲ့ ထားဝယ်အရှေ့တောဒေသခံတွေ နေရပ်ပြန်ဖို့ ဖိအားပေးခံနေရတဲ့အခြေအနေ
- မဲဆောက်မှာ ကားမှောက်လို့ မြန်မာနိုင်ငံသားတစ်ဆယ်ကျော် ဒဏ်ရာရသွားတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမြို့နယ်က PDF နှစ်ဦးနဲ့ ဆေးတပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အကြောင်း
- ပြည်သူ့ကာကွယ်ရေတပ်က ထားဝယ်အထူးစီးပွားရေးဇုန်ရှိ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ပြီး ရဲစခန်းဟောင်းကို မီးရှို့ခဲ့တဲ့ သတင်း
- ထားဝယ်မှာ ပွဲစားနဲ့ နိုင်ငံကူးလက်မှတ်လုပ်ရင် အွန်လိုင်းရက်ချိန်းယူဖို့ မလိုတဲ့အကြောင်း
- ပူပြင်းလွန်းတဲ့ ကော့သောင်းမှာ မိုးခေါ်ပွဲကျင်းပပြီးနောက် မိုးရွာသွန်းတဲ့အကြောင်း
- သရက်ချောင်းက ပဲဒက်ရွာစခန်းကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေအသုံးပြုပြီး ခုခံတိုက်ခိုက်နေတဲ့ အခြေအနေ
- ကရင်နီမှာ စစ်ကောင်စီရဟတ်ယာဉ်တစ်စင်း ပစ်ချခံရတဲ့ အကြောင်း အပါအဝင်
- ဝန်ကြီးချုပ်ဟောင်းသက်ဆင်က NUG အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းအစိုးရ အတည်ပြုလိုက်တဲ့အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပြည်ထောင်စုလမ်းပေါ်ရှိ ပဲဒက်ရွာမှာတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလေတပ်က နှစ်ရက်ဆက်ဗုံးကြဲနေတဲ့ အခြေအနေ
- စုပေါင်းခေါင်းဆောင်မှု အကြပ်အတည်းအပေါ် ရှုထောင့်ပေါင်းစုံကဆွေးနွေးမယ့် စကားဝိုင်းလုပ်မယ့်အကြောင်း
- ဘူးသီးတောင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီ လက်နက်ချသွားတဲ့ အကြောင်း
- ထိုင်းတောင်ပိုင်း ဖူးခက်က ပင်လယ်ထဲရေဆင်းကူးတဲ့ မြန်မာတစ်ဦးမျောပါပြီး သေဆုံးသွားတဲ့အကြောင်း
- ရွှေနဲ့ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့ သတင်းတွေပဲဖြစ်ပါတယ်။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာ့ရေးရာ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၂၈ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဧပြီလ ၂၈ ရက်ကနေ မတ်လ ၄ ရက်နေ့အထိ)
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၂၈ ရက်ကနေ မတ်လ ၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
မေလ ၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီ-ဘုတ်ပြင်းအစပ်ရှိ ၁၀၂၇ တောင်မှာ လေးရက်ဆက် တိုက်ပွဲပြင်းထန်နေတဲ့အကြောင်း
- စစ်ကောင်စီက အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်လိုက်တဲ့အကြောင်း
- ကံပေါက် သဘာဝဓာတ်ငွေ့စီမံကိန်းက ကား ၃ စီးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က သိမ်းဆည်းသွားတဲ့သတင်း
- ထားဝယ်မှာ သတ်မှတ်ထားတဲ့အတိုင်း မီးမပေးနိုင်လို့ ဒေသခံတွေ အခက်အခဲဖြစ်နေတဲ့ အခြေအနေ
- လျှပ်စစ်မီး ပုံမှန်မရတာကြောင့် ထားဝယ်မှာ အောက်ဆီဂျင်ထုတ်လုပ်မှုလျော့ချထားရတဲ့အကြောင်း
- ဝယ်သူနည်းလာလို့ ဆားလုပ်ငန်းရှင်တွေ ငြီးတွားနေကြတဲ့အကြောင်း အပါအဝင်
- မဲဆောက်ကို တရားမဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရတဲ့သတင်းတွေပဲဖြစ်ပါတယ်။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မေလ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စမတ်ကတ်ရှိမှ ကော့သောင်း-ရနောင်းလမ်းဖြတ်ခွင့်ရတော့မယ်ဆိုတဲ့အကြောင်း- လောင်းလုံးမှာ တကိုယ်တော်ဆန္ဒပြတဲ့ သပိတ်ကော်မတီဝင်ကို လောင်းလုံးပကဖအဖွဲ့အောက်ရှိ တပ်စုတစ်ခုက လာရောက်တားဆီးခဲ့တာ- ထားဝယ်မြို့က ဘဏ်တွေမှာ တကျော့ပြန် ငွေထုတ်ရခက်ခဲလာနေတဲ့အခြေအနေ- မောင်မယ်ရှောင်ဂိတ်မှာ တပ်လာစွဲတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့အကြောင်း- ကံပေါက်- နဘုလယ်လမ်းကို စစ်ကောင်စီတပ်က ဖျက်ဆီးဖြတ်တောက်ထားလို့ ဒေသခံတွေ အခက်တွေ့နေရတဲ့ အခြေအနေ- မွန်ပြည်နယ် အကျဉ်းစခန်းက လက်ထောက်ညွန်းမှုတစ်ဦး ပစ်သ တ်ခံလိုက်ရတာစတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာလုပ်သားတွေ ထိုင်းထီဆုကြီးပေါက်ရင် ဘာအခက်အခဲတွေကြုံရလဲ
မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘတ် ၆ သန်းဆုအပါအဝင် ထိုင်းထီဆုကြီးတွေ ပေါက်ပေမယ့် အလွယ်တကူ ဆုထုတ်ယူနိုင်တဲ့ အခြေအနေမှာ ရှိမနေပါဘူး။
ထိုင်းထီဆုကြီးပေါက်ခဲ့ရင် ဘန်ကောက်ကရုံးမှာပဲ ထုတ်ပေးလေ့ရှိတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေအဖို့ လက်လှမ်းမမီ ဖြစ်နေကြတာပါ။
ထီဆုကြီးတွေကို ကိုယ်တိုင်ထုတ်ယူဖို့ အခက်အခဲရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပစ်မှတ်ထားပြီး လိမ်လည်သူတွေ၊ အကူအညီပေးမယ်ဆိုပြီး မိတ်ဆွေတွေ၊ သူဌေးတွေက ဆုကြေးကို အပြည့်မထုတ်ပေးတာတွေ၊ ထီလက်မှတ် ခိုးယူခံရမယ့်အရေး အသက်အန္တရာယ်ပြုခံရမယ့် အရေးတွေလည်း ကြုံရဖို့ရှိနေပါတယ်။
ဒါကြောင့် ဘတ် ၆ သန်းကံထူးရှင် ၅၀ ဦးကို ဆုငွေထုတ်နိုင်ဖို့ ကူညီပေးခဲ့တဲ့ MAHC မဟာမိတ်အဖွဲ့က တာဝန်ရှိသူ ကိုရဲမင်းနဲ့ တွေ့ဆုံပြီး ထီဆုကြီးပေါက်တဲ့ မြန်မာရွှေ့ပြောင်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
မေလ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မှာ လျှပ်စစ်မီးပျက်ချိန်များလာလို့ ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ်တွေ ဝယ်သူများနေတဲ့အကြောင်း
- စက်လှေပေါက်ကွဲလို့ ကျွန်းစု ရေကန်တောင်ရွာက ပျုစောထီးခေါင်းဆောင် သေဆုံးသွားတဲ့ သတင်း
- အထောက်အထားမဲ့လုပ်သားတွေကို ပန်းရောင်ဘတ်လုပ်ပေးဖို့ တောင်းဆို၊ လုပ်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့အကြောင်း
- ကော့ကရိတ်က ကော့ဘိန်းရွာကို စစ်ကောင်စီတပ်ဝင်ပြီးနောက် ဒေသခံလေးဦး ပစ်သတ်ခံရတဲ့ အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်ခရိုင်ကို လျှပ်စစ်မီးအလှည့်ကျပေးမယ့်အချိန်စာရင်း ပြင်ဆင်ပြီး ကုမ္ပဏီကထပ်ပြီး ထုတ်ပြန်လိုက်တဲ့ အကြောင်း
- တနင်္သာရီကို စစ်ကောင်စီလေတပ်က တစ်ရက်အတွင်း ဗုံးအလုံး လေးဆယ်ကျော်ကြဲချတိုက်ခိုက်တဲ့ အကြောင်း
- တနင်္သာရီမြို့နယ်ထဲက ရက်ရှည်တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ဒေသခံတွေ အကူအညီလိုအပ်နေတဲ့ အခြေအနေ
- စစ်ကောင်စီတပ်က ကံပေါက်-နဘုလယ်လမ်းကို မြေတူးစက်နဲ့ ဖျက်ဆီးဖြတ်တောက်လိုက်တဲ့ အကြောင်း
- ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေး အဓိကနေရာဖြစ်တဲ့ မြဝတီ အမှတ် ၂ တံတားကို ဒီနေ့ပြန်ဖွင့်လိုက်တဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မွန်နဲ့ တနင်္သာရီအစပ်က မလွှဲတောင်ဂိတ်ကို တစ်နေ့နှစ်ကြိမ်ပဲ အချိန်အကန့်အသတ်နဲ့ ဖြတ်နေရတဲ့ အခြေအနေ
- ပလမြို့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်း ဒရုန်း နဲ့ ဗုံးချတိုက်ခိုက်
- ကော့သောင်းမြို့မှာ ရေရှားနေဆဲဖြစ်ပြီး ရေပေးဝေရေးစီမံကိန်း အလုပ်မဖြစ်သေးတဲ့အကြောင်း
- ရေဖြူမှာ ပျူစောထီးအဖွဲ့က ရိုက်နှက်လို့ အမျိုးသားတစ်ဦးသေဆုံးပြီး နောက်တစ်ဦးဒဏ်ရာရသွားတဲ့အကြောင်း
- ထိုင်းတောင်ပိုင်းပင်လယ်ပြင်မှာ ငါးဖမ်းလှေတစ်စီးမီးလောင်ပြီး မြန်မာအပါအဝင် ငါးဦးဒဏ်ရာရသွားတဲ့သတင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာ့ရေးရာ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၂၁ ရက်နေ့ကနေ ဧပြီလ ၂၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဧပြီလ ၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ)
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၂၀ ရက်နေ့ကနေ ဧပြီလ ၂၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဧပြီလ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့နယ်က ဒေသခံခြောက်ဦး ဒလန်လို့ သတိပေးခံရတဲ့အကြောင်း
- စစ်ကောင်စီတပ်က PDF ယူနီဖောင်းဝတ်ပြီး ဒေသခံတွေကို ရိုက်နှက်စစ်ဆေး ငွေတောင်းနေတဲ့ အကြောင်း
- မွန်ပြည်နယ်က ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးဖမ်းထားချိန် သေနတ်လုရာက ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားတဲ့သတင်း
- ကော့ဘိန်းရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လူငယ်အမျိုးသမီးငယ်တစ်ဦးကို ပစ်သတ်သွားတာ
- တော်လှန်ရေးတပ်တွေက ဖာပွန်မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်းကိုသိမ်းပြီး မြို့ကို ထိန်းချုပ်ထားတဲ့အကြောင်း
- မြဝတီ-မဲဆောက် အမှတ် ၁ တံတား ခြောက်ရက်ကြာတဲ့အထိ မြန်မာဘက်က ပြန်မဖွင့်သေးတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နှစ်သုံးဆယ်နီးပါးအကြာ စစ်ကောင်စီတပ်အခြေချခဲ့တဲ့ မောထစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တာ
- မောရဝတီရေတပ်က ဖမ်းထားတဲ့ ဖောင်းတောရွာသား သားအဖနှစ်ဦးအနက် အဖေဖြစ်သူသေဆုံး
- စစ်ကောင်စီက ဓာတ်မြေဩဇာသယ်ယူခွင့် တင်းကျပ်ထားလို့ တောင်သူတွေအခက်ကြုံနေရတဲ့အကြောင်း
- သရက်ချောင်း ဆင်ကျန်းကျေးရွာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့တဲ့ အခြေအနေ
- မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်တဲ့ အကြောင်း
- ဘန်ကောက်မှာ ဓာတ်လိုက်သေဆုံးသွားတဲ့ မြန်မာလုပ်သားအမှု နစ်နာကြေးဘတ်သုံးသိန်းနဲ့ ပြေလည်သွားတဲ့သတင်း
- ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်ဖွဲ့ဝင် သုံးဦးကို လူထုရှေ့မှာ သေဒဏ်ချ
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးရဲစခန်းရှေ့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတဲ့အကြောင်း
- ရေဖြူမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေရဲ့လက်ကိုင်ဖုန်းတွေ သိမ်းယူသွားတဲ့အကြောင်း
- မောရဝတီရေတပ်က ရေဖြူရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်လို့ ခြံလုပ်ငန်းတွေ နားထားရတာ
- ထားဝယ်မြစ်ထဲက စစ်သင်္ဘောအပစ်ခံရပြီးတဲ့နောက် ကညုံကျွန်းရွာက ဒေသခံတွေထွက်ပြေးနေရတဲ့အကြောင်း
- တနင်္သာရီမြို့နယ်ထဲ့က ရွာသုံးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတာ
- မလေးရှားသွားမယ့် မြန်မာတွေ ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရတဲ့အကြောင်း အပါအဝင်
- ရွှေ နဲ့ ဘတ် ဈေးအတက်အကျ အခြေအနေတွေကို ပြောပြပေးမှာဖြစ်ပါတယ်။
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဧပြီလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းမြို့နယ် ဆင်ကူးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း
- ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီက အနားပေးလိုက်တာ
- မြန်မာအလုပ်သမားတွေဆီက ငွေညှစ်ခဲ့တဲ့ ထိုင်းရဲ ၈ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ အခြေအနေ
- ဈေးပြန်ကျလာနေတဲ့ ရွှေဈေးကွက်အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဝန်နဲ့အားမမျှ ဖြစ်နေတဲ့ စစ်ဘေးရှောင် ကူညီရေး
တိုက်ပွဲတွေပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ကျေးရွာပေါင်း ၈၀ လောက်က ဒေသခံ ငါးသောင်းလောက် စစ်ဘေးရှောင်နေကြရပါတယ်။
တိုက်ပွဲဖြစ်ပွားမှု များလာတာနဲ့အမျှ စစ်ဘေးရှောင်အရေအတွက်လည်း တိုးလာနေတာကြောင့် စစ်ဘေးရှောင်အကူအညီပေးရေးက ဝန်နဲ့အားမမျှဖြစ်လာနေပါတယ်။
စစ်ဘေးရှောင်တွေအတွက် အကူအညီရရှိမှုက နည်းပါးနေသလို၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလည်း များပြားလှပါတယ်။
မကြာခင် မိုးရာသီရောက်လာတော့မှာ ဖြစ်တဲ့အတွက် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးလို ကူးစက်ရောဂါအန္တရာယ်တွေကလည်း စိုးရိမ်စရာကောင်းလှပါတယ်။
လတ်တလောမှာ စား၊ဝတ်၊နေရေး အခြေခံလိုအပ်ချက်တွေတောင် မပြည့်စုံသေးတဲ့ စစ်ဘေးရှောင်တွေအတွက် မိုးရာသီကို ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာ စဉ်းတောင်မစဉ်းစားရဲသလောက်ပါပဲ။
ဒါကြောင့် စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရတယ်၊ ဘာတွေလိုအပ်နေတယ် ဆိုတောတွေ သိရှိစေဖို့ တနင်္သာရီတိုင်းက စစ်ဘေးရှောင် တွေကို အကူအညီပေးနေတဲ့ ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေး အဖွဲ့ရဲ့ မြေပြင်ကွင်းဆင်းတာဝန်ခံ ယောနသံနဲ့ တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါတယ်။
မြန်မာ့ရေးရာ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၁၄ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဧပြီလ ၁၄ ရက်ကနေ ၂၀ ရက်နေ့အထိ)
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
မကောင်းဆိုးရွား ပူးကပ်လို့ ပြစ်မှုကြီး ကျူးလွန်မိပါတယ်ဆိုတာဟာ ဖြစ်နိုင်ပါသလား
The Conjuring 3 ကို ကြည့်ခဲ့ရင် ဒီ Documentary လေးကို ကြည့်စေချင်ပါတယ်။ The Conjuring 3 ဟာ ဘာတွေကို ဖျောက်ထားခဲ့သလဲ၊ အဲ့ဒီဇာတ်ကားထဲမှာ ဘာတွေ ပျောက်နေခဲ့သလဲ၊ တကယ့်လက်တွေ့မှာ ဖြစ်ပျက်ခဲ့တာက ဘယ်လိုတွေလဲဆိုတာကို သိရမှာပါ။
ပြီးရင်တော့ ကိုယ်ကိုယ်တိုင်က ဘယ်လိုတွေးသလဲလို့ အဖြေထုတ်ရပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်က ယူဆပုံချင်း မတူနိုင်ပါဘူး။ လူတစ်ကိုယ် အမြင်တစ်မျိုး ဖြစ်နိုင်ပါတယ်။
The Conjuring 3 ဟာ အက်ဒ်ဝါရင်းနဲ့ လော်ရိန်းဝါရင်းတို့ အပနှင်ဇနီးမောင်နှံ ပါဝင်ပတ်သက်ခဲ့တဲ့ ကမ္ဘာကျော် အမှုတစ်ခုပါပဲ။
The Conjuring: The Devil Made Me Do It ဆိုတဲ့နာမည်နဲ့ ဇာတ်ကားက ထွက်ရှိခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဂလက်ဇယ် မိသားစုထဲက ၈ နှစ်သားအရွယ် ကလေးလေးကို မကောင်းဆိုးဝါး ပူးကပ်ခဲ့တယ်။
ဝါရင်း ဇနီးမောင်နှံ သွားရောက်ပြီး အပနှင်ဖို့ လေ့လာတယ်။ ဒီအချိန်မှာ ကောင်လေးရဲ့မကောင်းဆိုးရွားကို မနိုင်နင်းတဲ့အထိဖြစ်လာလို့ ယောက်ဖတော်ရမယ့် အာနီ ဂျွန်ဆင်က သူ့ခန္ဓာကိုယ်ထဲဆီ လာပူးဖို့ ခေါ်ပြီး လွှဲယူလိုက်ပါတော့တယ်။
အဲ့ဒီနောက် အာနီ ဟာ လူသ-…-တ်မှု ကျူးလွန်လိုက်ပါတော့တယ်။ သူနဲ့ သူ့ကောင်မလေး ဒက်ဘီ ဂလက်ဇယ်တို့ အလုပ် အတူလုပ်နေတဲ့နေရာက အလုပ်ရှင် အလန်ဘိုနို ကို အာနီက သ..--..တ်လိုက်တာပါ။ အာနီက အလန်ဘိုနိုကို သူ ဘယ်လိုသ..--..တ်လိုက်မိမှန်း မသိပါဘူးလို့ ရဲတွေရှေ့မှာ အမှုစစ်တော့ ထွက်ဆိုခဲ့တယ်။
တရားခွင်မှာ ဒီလိုထွက်ဆိုတော့ တရားသူကြီးတွေက လက်မခံတော့ဘူး။ အဲ့ဒီမှာ ဝါရင်းဇနီးမောင်နှံက အာနီကို ပူးကပ်နေတဲ့ မကောင်းဆိုးဝါးက သ..--တ်အောင် လှုံ့ဆော်တာ၊ အာနီမှာ အပြစ်မရှိပါဘူးဆိုတဲ့ကောက်ချက်ကို အာနီဘက်က လိုက်ပေးတဲ့ တရားခံရှေ့နေကတစ်ဆင့် တင်သွင်းလိုက်ပါတော့တယ်။
ဒါဟာ အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကတ်မှာ ဟိုလေးတကျော်ဖြစ်သွားခဲ့တဲ့ အမှုကြီးဖြစ်ပါတယ်။ ဒါကို တကယ့်ပတ်သက်ခဲ့သူတွေနဲ့တွေ့ဆုံပြီး The Devil On Trial ဆိုတဲ့ Documentary ကို ရိုက်ကူးခဲ့တာပါ။
ဂလက်ဇဲလ်မိသားစုက ညီအစ်ကိုမောင်နှမတွေ၊ ပြစ်မှုကျူးလွန်ခဲ့သူ အာနီ၊ ခရစ်ယာန်သင်းအုပ်၊ အမှုစစ်ခဲ့တဲ့ ရဲအရာရှိ၊ အမှုလိုက်ခဲ့တဲ့ ရှေ့နေ၊ အမှုစစ်ဆေးခဲ့တဲ့ တရားသူကြီး၊ ဝါရင်းဇနီးမောင်နှံရဲ့မြေး စသဖြင့် စသဖြင့် ကဏ္ဍအသီးသီးမှာ ပါဝင်ခဲ့သူတွေကို မေးမြန်းဖြေကြားစေပြီး ဒီ Documentary ကို တည်ဆောက်ခဲ့ပါတယ်။ အရမ်းလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဧပြီလ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
ဧပြီလ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်