Skip to main content
Mratt Podcast

Mratt Podcast

By Mratt Kyaw Thu

An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, he shares insights about his own experiences, love, and society. More on: mrattkthu.com
Available on
Apple Podcasts Logo
Google Podcasts Logo
Overcast Logo
Pocket Casts Logo
RadioPublic Logo
Spotify Logo
Currently playing episode

၁ • မြို့သား နဲ့ တောသား

Mratt PodcastMar 15, 2019

00:00
04:13
၂၆ • မုံရွာ ပလဖ နဲ့ ပကဖ ကြားက ရန်ပွဲ

၂၆ • မုံရွာ ပလဖ နဲ့ ပကဖ ကြားက ရန်ပွဲ

ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မုံရွာမြို့နဲ့ မြင်းမူမြို့နယ်အစပ်က ရွာတရွာမှာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ (ပအဖ)၊​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ကြား ပြဿနာဖြစ်ပွားခဲ့တာမှာ အဲ့ဒီရွာမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ခဲ့တာလဲဆိုတာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။

Apr 30, 202418:02
၂၅ • ရိုဟင်ဂျာအရေး NUG ဒုဝန်ကြီးနှင့် မေးမြန်းမှု

၂၅ • ရိုဟင်ဂျာအရေး NUG ဒုဝန်ကြီးနှင့် မေးမြန်းမှု

မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးပွဲပုံစံမျိုး အရင်က မရှိခဲ့ဖူးဘဲ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ထိုင်းနိုင်ငံလွှတ်တော်အနေနဲ့ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

Apr 09, 202452:25
၂၄ • ထိုင်းလွှတ်တော်ထဲက မြန်မာ့အရေးဆွေးနွေးပွဲ

၂၄ • ထိုင်းလွှတ်တော်ထဲက မြန်မာ့အရေးဆွေးနွေးပွဲ

မတ်လ ၂ ရက်နေ့က ထိုင်းလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

Mar 09, 202439:45
၂၃ • အလက်ဆီ နာဗားနီ

၂၃ • အလက်ဆီ နာဗားနီ

ပူတင်ကို ဆန့်ကျင်လို့ နာမည်ကြီးလာသူ၊ အတိုက်အခံ ပါတီ ခေါင်းဆောင် နာဗားနီကို ကမ္ဘာ့မီဒီယာကြီးတွေ ပုံဖော်နေသလို ဒီမိုကရေစီ အိုင်ကွန်၊ လွတ်လပ်မှုအတွက် အသက်ပေးသွားတဲ့ အာဇာနည် သူရဲကောင်းတယောက်ဖြစ်သလား ဆိုတာကိုတော့ တချို့က မေးခွန်းထုတ်ကြပါတယ်။

Mar 05, 202410:35
၂၂ • ရခိုင်ပြည်ပိတ်ဆို့ခံရမှု ရက် ၁၀၀

၂၂ • ရခိုင်ပြည်ပိတ်ဆို့ခံရမှု ရက် ၁၀၀

စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးမှာ ကုန်လမ်းခရီးသွားလာခွင့်၊ ကုန်စည်သယ်ယူခွင့်၊ စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားတာ ရက်ပေါင်း ၁၀၀ ပြည့်သွားပြီ ဖြစ်ပါတယ်။

Feb 25, 202412:10
ခါးသီးသောပြိုင်ဘက်များ (မိတ်ဆက်)

ခါးသီးသောပြိုင်ဘက်များ (မိတ်ဆက်)

ဒီ ပေါ့ကတ်စ် ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ လက်ရှိ အရှေ့အလယ်ပိုင်း အရေးကို နားလည်ချင်သူတွေအတွက် သင့်လျော်သလို နိုင်ငံတနိုင်ငံရဲ့ ‘တော်လှန်ရေး’ အပေါ် အနောက်နိုင်ငံတွေက ဘယ်လို ရှုမြင်ကြသလဲဆိုတာကို နားလည်နိုင်ဖို့ အထောက်အပံ့ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ “အီရန်နှင့်ဆော်ဒီ သို့မဟုတ် ခါးသီးသောပြိုင်ဘက်များ” အကြောင်း အပိုင်းလိုက်ခွဲပြီး တင်ဆက်ပါမယ်။ စောင့်မျှော်နားဆင်ကြပါ မိတ်ဆွေများခင်ဗျာ။

Feb 23, 202402:43
၂၁ • စစ်မှုမထမ်း မနေရ ဥပဒေ ရှင်းလင်းချက်
Feb 12, 202414:22
၂၀ • စစ်ကောင်စီဆီက သိမ်းမိတဲ့ လက်နက်ကြီးတွေကို ပြန်သုံးလို့ရသလား

၂၀ • စစ်ကောင်စီဆီက သိမ်းမိတဲ့ လက်နက်ကြီးတွေကို ပြန်သုံးလို့ရသလား

စစ်ကောင်စီဆီက မြောက်ပိုင်းတပ်ဖွဲ့တွေ သိမ်းမိထားတဲ့ လက်နက်ကြီးတွေ၊ Carl Gustaf နဲ့ ရိုင်ဖယ်တွေကို ပြန်သုံးလို့ရနိုင်သလား၊ စနိုက်ပါတွေအကြောင်းနဲ့ လေယာဉ်ပစ်လက်နက်တွေအကြောင်း။

Dec 07, 202327:55
၁၉ • မြောက်ပိုင်းမှလာသော မေးခွန်းများ

၁၉ • မြောက်ပိုင်းမှလာသော မေးခွန်းများ

၁၀၂၇ စစ်ဆင်ရေး တိုးတက်ဖြစ်ပေါ်ပုံ အဆင့်ဆင့်၊ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များနှင့် နွေဦးတော်လှန်ရေးကြား ချိတ်ဆက်ပုံ သုံးသပ်ချက်။ နိုင်ငံရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် ကျော်ဇောခိုင်နှင့် မေးမြန်းထားသည်။

Nov 21, 202339:41
၁၈ • အာဏာသိမ်းပြီး ဘုန်းကြီးလောက အပြောင်းအလဲ

၁၈ • အာဏာသိမ်းပြီး ဘုန်းကြီးလောက အပြောင်းအလဲ

စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်နဲ့ လူထုအကြား ဘာသာရေးခေါင်းဆောင်တွေ ဘယ်လိုရပ်တည်နေလဲ၊ ဘာသာရေးက အသုံးချခံဖြစ်နေလား၊ ဘာသာရေးလောကမှာ ဘာတွေဖြစ်နေလဲ ဘာတွေလွဲနေလဲ...

Jun 24, 202339:26
၁၇ • ဒေါ်မီမီဝင်းဘတ်နှင့် တွေ့ဆုံခြင်း

၁၇ • ဒေါ်မီမီဝင်းဘတ်နှင့် တွေ့ဆုံခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးစုစည်းနိုင်မှုအားအပေါ် အမြင်၊ တရုတ်နိုင်ငံရဲ့ ခြေလှမ်းနဲ့ အမေရိကန်အစိုးရရဲ့ သဘောထားတို့ကို အသေးစိတ်မေးမြန်းချက်။

Jun 01, 202328:05
၁၆ • မုန်တိုင်းသင့် ချင်းပြည်နယ် နောက်ဆုံးအခြေအနေ

၁၆ • မုန်တိုင်းသင့် ချင်းပြည်နယ် နောက်ဆုံးအခြေအနေ

ရခိုင်ပြည်နယ်မြောက်ပိုင်းကို အများဆုံးဖျက်ဆီးသွားခဲ့တဲ့ မိုခါမုန်တိုင်းဟာ ချင်းပြည်နယ်ကို ရောက်တော့ အရှိန်လျော့သွားတယ်။ ဒါပေမဲ့ နဂိုကမှ စစ်ပွဲဒဏ်ကို နှစ်ချီပြီး ခါးစီးခံနေခဲ့ရတဲ့ ချင်းလူထုဟာ မုန်တိုင်းဒဏ်ကိုပါ ထပ်ခံရတာဖြစ်လို့ ဒုက္ခပေါ် ဒုက္ခထပ်ဆင့်တယ်လို့ ဆိုရတော့မှာပါ။ လက်ရှိအချိန်ထိ မုန်တိုင်းဒဏ်ခံရတဲ့ နေရာအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို သိထားရပြီလို့ ဆိုပါတယ်။ ဒီအကြောင်းအရာတွေကို မုန်တိုင်းဒဏ်ခံ ချင်းပြည်နယ်မှာ ရှိနေတဲ့ ဆရာ ဆလိုင်းအိုက်ဇက်ခင်နဲ့ မေးမြန်းထားပါတယ်။

May 18, 202315:41
၁၅ • မိုခါအပြီး မွတ်ဆလင်ဒုက္ခသည်စခန်းတွေ အခြေအနေ

၁၅ • မိုခါအပြီး မွတ်ဆလင်ဒုက္ခသည်စခန်းတွေ အခြေအနေ

မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်း - မုန်တိုင်းမလာမီ၊ မုန်တိုင်းလာပြီး အခြေအနေတွေနဲ့ နောက်ဆက်တွဲ ကယ်ဆယ်ရေးကိစ္စတွေကို စစ်တွေ၊ သက္ကေပြင် မွတ်ဆလင် ဒုက္ခသည်စခန်းက ဒေသခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။


May 16, 202320:25
၁၄ • လူထုက ဘယ်သူ့နောက် လိုက်ရမှာလဲ

၁၄ • လူထုက ဘယ်သူ့နောက် လိုက်ရမှာလဲ

အကွဲအပြဲသတင်းများ၊ တော်လှန်ရေးအဖွဲ့တချို့၏ လုပ်မှားကိုင်မှားများနှင့် အလွန်များပြားလှသည့် သတင်းများကြား ပြည်သူများ ဗျာများကြသည်။ တဖွဲ့က တမျိုးပြောလျှင် နောက်တစ်ဖွဲ့ထံက တသံထွက်လာတတ်သည်။ ရာသီဥတုဒဏ်၊ နေ့စဉ်စားဝတ်နေရေး အခက်အခဲကြား စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို ဆန့်ကျင်လိုကြသည့် ပြည်သူများမှာ တောင်ပြေး မြောက်လိုက် ဆိုသလို ဦးတည်ရာပန်းတိုင် လမ်းလွဲမသွားစေရေး ကြိုးစားနေရပြန်သည်။ ထိုအချိန်မျိုးတွင် ဦးဆောင်မှု တောင့်တနေသည့် ပြည်သူလူထုက ဘယ်သူ့စကားသံ နားထောင်ရမှန်းမသိ ဖြစ်လာတော့သည်။

Apr 26, 202301:10:13
၁၃ • အငူမော်က မောင်ထွန်းရွှေ

၁၃ • အငူမော်က မောင်ထွန်းရွှေ

လှေဆိပ်အဝင်မှာ မောင်ကိုလေးဆိုတဲ့ လက်ဖက်ရည်ဆိုင် ရှိတယ်။ မောင်ကိုလေးလား၊ ကိုမောင်လေးလား နာမည်ခဏတိုင်း လွဲတယ်။ စစ်တွေကနေ မောင်တောသွားတိုင်း သူ့ဆိုင်မှာ ခဏနားပြီး ကားစောင့်ရ၊ တစ်ထောက်နားရပေါ့။ သတင်းကိစ္စလည်း မေးရလေ့ရှိတယ်။

Nov 08, 202211:46
၁၂ • စီီဒီအမ်တွေ နိုင်ငံခြားထွက်ဖို့ လွယ်သလား

၁၂ • စီီဒီအမ်တွေ နိုင်ငံခြားထွက်ဖို့ လွယ်သလား

စီဒီအမ်တွေကို လေဆိပ်မှာ ဖမ်းနေတယ်ဆိုတဲ့ ကောလာဟလတွေ၊ စီဒီအမ်တွေ နိုင်ငံခြားသွားရင် နိုင်ငံခြားက လက်ခံတာမြန်တယ်၊ ဆိုတဲ့ ပြောစကားတွေ၊ နိုင်ငံခြားမှာ ဒုက္ခသည်ဖြစ်ဖို့ ငွေပေးရတယ် ဆိုတဲ့ ယုံတမ်းစကားတွေ၊ ခိုလှုံခွင့်ရသွားရင် သို့မဟုတ် ဒုက္ခသည်ဖြစ်ရင် အဆင်ပြေပြီဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားကြသူ 'စီဒီအမ်သမားတွေအတွက်' ပြောပါ့မယ်။
Sep 18, 202222:53
၁၁ • ပီဒီအက်ဖ် ခေါင်းဆောင်တစ်ဦးနဲ့ စကားစမြည်

၁၁ • ပီဒီအက်ဖ် ခေါင်းဆောင်တစ်ဦးနဲ့ စကားစမြည်

တောတွင်းက ပီဒီအက်ဖ် ရဲဘော်တွေ ဘာတွေ ကြုံတွေ့နေရသလဲ၊ ဘာတွေ လိုအပ်နေသလဲ။ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်နေကြသလဲ။ 

Oct 21, 202107:21
၁၀ • ဝင်ထားသမျှ ဂရုတွေထဲက ထွက်လိုက်ပါ

၁၀ • ဝင်ထားသမျှ ဂရုတွေထဲက ထွက်လိုက်ပါ

သတင်းမှား ဖြန့်/ပျံ့တဲ့အထဲ ချစ်မြတ်နိုးသူများ ဂရုတွေက အဆိုးဆုံးပါပဲ။ ဒီထဲကနေ ထွက်လိုက်ကြပါ။
Sep 14, 202106:11
၉ • အိတုထ နေ့ရက်များ

၉ • အိတုထ နေ့ရက်များ

ဇွန် ၁၄ ရက် ကော်သူးလေနေ့အတွက် ရည်ရွယ်ပြီး ဒီ ပေါ့ဒ်ကတ်စ်ကို သွင်းထားတာပါ။
Jun 27, 202121:20
၈ • စစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု လုပ်ခဲ့သလား

၈ • စစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု လုပ်ခဲ့သလား

ဖမ်းဆီးခံသူ အမျိုးသမီးငယ်တွေ မုဒိမ်းကျင့်ခံရတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။ အတည်မပြုနိုင်ခဲ့ပါ။ ဒါကတော့ ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီးငယ်တဦးကို မေးမြန်းထားတာ ဖြစ်ပါတယ်။


Mar 04, 202103:56
၇ • အတိတ်က တောင်တန်းတွေဆီ

၇ • အတိတ်က တောင်တန်းတွေဆီ

အချိန်တခုခုရဲ့ နောက်ဆုံးဆိုတာ မသိခဲ့ခင် တချိန်တုန်းက သွားခဲ့ဖူးတဲ့ ခရီးစဉ်တခုအကြောင်း။
Apr 28, 202016:25
၆ • တောင်စောင်းက မောင်ဒေါင်း

၆ • တောင်စောင်းက မောင်ဒေါင်း

ကျနော့်စိတ်ထဲ အိပ်မက်တွေထဲ ဖျောက်ဖျက်မရတဲ့ ဇာတ်ကြောင်း။ ပြီးတော့ ဒီနေ့ထိ ကျနော်တို့နယ်မှာ ပြောစမှတ်ပြုနေရဆဲ ဆိုးရွားတဲ့ အတွေ့အကြုံတခု။

Mar 27, 202018:55
၅ • ပိုင်စိုးဝေ အမှတ်တရ

၅ • ပိုင်စိုးဝေ အမှတ်တရ

ကျနော် သူ့ကဗျာတွေနဲ့ကြီးပြင်းခဲ့တာပါ။ ကဗျာရေးဖြစ်ဖို့နဲ့ လူတွေကို ချစ်တတ်ဖို့၊ ကျေးလက်နဲ့ သဘာဝကို ချစ်ဖို့နဲ့ ရိုးသားဖို့အတွက် သင်ကြားပေးခဲ့တယ်။ ဒီ Podcast နဲ့ ကျနော် ဂါရဝပြုလိုက်ပါတယ်။

Aug 01, 201909:21
၄ • အသည်းကွဲရင် ဆပ်ပြာစားတတ်သလား

၄ • အသည်းကွဲရင် ဆပ်ပြာစားတတ်သလား

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်မိလုပ်ရာ၊ စားမိစားရာ စားသလိုမျိုး တချို့ယောက်ျားတွေ အသည်းကွဲတဲ့အချိန်မှာ ထူးထူးဆန်းဆန်းတွေ လုပ်တတ်ကြပါတယ်။ ကျနော်ကျတော့ တမျိုး။

Apr 10, 201907:19
၃ • ဘီယာဆိုင် တမ်းချင်း

၃ • ဘီယာဆိုင် တမ်းချင်း

ကျနော်တို့ ချစ်ရတဲ့အရာတွေ ကွယ်ပျောက်သွားကြလို့ရှိရင် ကျနော်တို့ သိပ်ခံစားကြရပါတယ်။ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ်ပေါ့။ သိပ်ချစ်ရတဲ့ ဘီယာဆိုင်ကလေးတဆိုင် ကွယ်ပျောက်သွားခဲ့ဖူးတဲ့အကြောင်း ပြောပြချင်တယ်။

Apr 02, 201908:47
၂ • ကျနော်တို့ အရင်ထက် ပိုလိမ္မာလာကြသလား

၂ • ကျနော်တို့ အရင်ထက် ပိုလိမ္မာလာကြသလား

လူတွေသာ သူ့အရင် ဘိုးဘေးတွေရဲ့ ဆုံးမသွန်သင်မှုတွေ၊ ဘာသာတရားတွေရဲ့ လမ်းညွှန်မှုတွေနဲ့အတူ နေ့စဉ်ဘဝမှာ ကောင်းအောင်နေထိုင်ကြတယ်လို့ ဆိုပါတယ်။ ရေှးကဖြစ်ခဲ့တဲ့အမှားတွေကို သင်ခန်းစာယူရင်း အနာဂါတ်ကို ပိုလှအောင်ဖန်တီးကြတယ်ပေါ့။ ဒီတိုင်းသာဆိုရင် လူတွေဟာ တရက်ထက်တရက် ပိုပြီး လိမ္မာလာစရာရှိပါတယ်။ တကယ်ရော ဟုတ်သလား?

Mar 29, 201905:02
၁ • မြို့သား နဲ့ တောသား

၁ • မြို့သား နဲ့ တောသား

မြို့သားနဲ့တောသားပြဿနာအစနဲ့ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုဂျင်းထည့်ခဲ့ပြီး ဘယ်လို ဖြစ်ခဲ့ကြတာလဲ...?

Mar 15, 201904:13